💜Thirdperson View~💛
Jeongguk တစ်ယောက်သူ့ ကျောပေါ်၌ Koala လေးလိုတွယ်ကပ်
နေသော သူ့Hyungကြောင့် ပြုံးလိုက်လေသည်။ Taehyungလေး
သည် ယနေ့မှထူးထူးခြားခြား အရင်နေ့ကထပ်ပိုပြီး Jeongguk အနား၌
ကပ်နေလေသည်။ အခြားသူတွေအတွက် ထူးဆန်းနေပေမယ့်Jeongguk
ကတော့ သူ့ Hyung အကြောင်းသိသူဖြစ်တာကြောင့် မထူးဆန်းပါ။ညနေစောင်းအိပ်၍ နိုးလာရင်Taehyung ၌ဖြစ်လေ့ရှိသော အကျင့်လေး
သာဖြစ်သည်။ ပုံမှန်ထပ် လူတစ်ယောက်ကို တွယ်ကပ်နေတတ်ပြီး မျက်နှာလေး
က အိပ်ရေးမဝ တာကြောင့်သုန်မှုန်နေတတ်သည်။ထိုအချိန်တွေဆို သူ့ Hyungသည်သူ့ကိုသာ အများဆုံးကပ်တတ်တာကြောင့်
Jeonggukလေးတစ်ယောက် သူ့Hyung အချိန်တိုင်းဒီလိုလေးဖြစ်နေပါ
စေလို့တောင် ဆုတောင်းသည့်အထိပင်။တစ်ခါတစ်လေကျတော့လည်း သူ့Hyung နှင့်ပတ်သက်လာရင် လိုတာထပ်
ပိုနေတတ်သော သူ့စိတ်အား သူကိုယ်တိုင်ပင်ကြောက်မိပါသည်။" Hyungပြန်မအိပ်နဲ့နော်။ ခဏလေ Yoongi Arrjushiလာမှာ
လေ ~နောက်ပြီး ညနေပိုင်းအိပ်ရင် နေမကောင်းဖြစ်လိမ့်မယ် "Jeongguk ပြောလိုက်ရင်းသူ့Hyung ကိုကျောပေါ်ကနေပြုတ်မကျစေ
ရန် ခြေထောက်လေးတွေကို သေချာထိန်းကိုင်လိုက်ရင်း ဧည့်ခန်းကိုလျှောက်လာ
လိုက်သည်။ သူတို့အိမ်၌ Jeongguk နဲ့သူ့ Papa၂ယောက်သာ နေသော်လည်း
အိမ်သည် အကျယ်ကြီးဖြစ်သည်။ အိမ်ဖော်တွေဘာတွေလည်း အလုပ်ရှုပ်တာကြောင့်
မခေါ်ထားပါ။ နောက်ပြီး Jeongguk သည် သူ့Hyungကြောင့်အသက်၁၄
သာရှိသေးသော်လည်း အစားအသောက်တော်တော်များများကို ချက်တတ်ပြုတ်တတ်
နေပြီဖြစ်သည်။သူ့ Hyungလေးသည် ဟိုဟာစားချင် ဒီဟာစားချင်ပြောတတ်သည့်အခါ
Jeongguk သည်သူကိုယ်တိုင်လုပ်နိုင်အောင် သင်ထားခြင်းဖြစ်သည်။
Internet ကနေချက်ပြုတ်နည်းတွေလည်း သင်သလို သူ့ Papaပိတ်ရက်၌
သူ့ Papaကိုသင်ခိုင်းသည်။
BINABASA MO ANG
Dear Father-In-Law (KOOKV)✔
Fanfiction" Can I have your son, Mr.Min?" 🍒 [ Zawgyi+Unicode all done]