🐜4

585 70 9
                                    

"Ring Ring"

အလုပ်လုပ်နေရင်းဖုန်းလာလို့ သွားကြည့်မိတော့ မသိတဲ့ဖုန်းနံပါတ်ပဲဟု မကိုင်တော့ဘူးအလုပ်မှာ ကလေးဖုန်းများ ဖြစ်နေမည်စိုး၍ကိုင်လိုက်ရသည်။

“ဟယ်လို ပြောပါ”

“ဟဲလို Jimin sanbae”

ဒီအသံက
“ကျွန်တော်ပါ Jungkook..”

Tae  ဆီကဖုန်းနံပါတ်တောင်းသွားသော်လည်း ကျွန်တော့်ကိုဘာစကားမှပြောမသွားပဲခုမှဖုန်းဆက်သည်ဆိုတော့ အရေးလုပ်သေးသည်ဟုပျော်သွားမိသည်။

“Taehyung sanbae  ကဘာကြိုက်တတ်လဲဟင်”
တက်တက်စင်အောင်လွဲပေသည်။ကျွန်တော့်စိတ်ထဲမွန်းကျပ်နေပြန်တယ်..

“ကျွန်တော် Tae မွေးနေ့အတွက် surprise  လုပ်မလို့အာ့ကြောင့်သူကြိုက်တတ်တဲ့အစားအသောက်လေးတွေ ပစ္စည်းလေးတွေ ရုတ်တရက်သွားပေးမလို့”

Taehyung ရဲ့အချစ်ဆုံးသူများသာခေါ်တတ်သည့် 'Tae' ဟူသောအသုံးအနှုန်းကို ပြောနေသည့်အသံကား ချိုသာနေပုံကို ရင်ထဲကဘယ်လိုမှမခံစားနိုင်တော့။ထို့ကြောင့်အသံများပင်တုန်သယောင်ဖြစ်လာကာ

“Tae ကအကုန်စားတယ်အနောက်တိုင်းစာ တွေတော့သိပ်မစားဘူး ကိုရီးယားစာတော့အတော်ကြိုက်သား”
ရယ်သံကျဲကျဲနှင့်ပြောလိုက်ရသည်။

“ပစ္စည်းတွေကတော့ brand  တွေသုံးတာ”
“Gucci ကိုအကြိုက်ဆုံးလို့တော့သူတစ်ခါပြောဖူးတယ်”

Tae  လိုမျိုးသူဌေးသားအဖို့ Gucci လောက်ကမပြောပလောက်သောကြောင့်ကျွန်တော်နှင့် ကွာခြားနေ၏။

“အိုကေ ဒါပေမယ့် ခင်ဗျား Tae ကိုတော့ပြန်မပြောရဘူးလို့ကတိပေး.. ”

‘ခင်ဗျား’တဲ့လား ကလေးရယ်။ hyung ကနှုတ်လုံတဲ့လူစားမျိုးဆိုတာမင်းမှမသိတာ...

Jungkookတစ်ယောက်“အေးပါ”ဟုဖုန်းထဲကအသံပျော့ပျော့သာ ကြားနိုင်သော်လည်း အပြင်က Jimin ၏ မျက်ရည်အနည်းအကျဉ်းကိုတော့မမြင်နိုင်တော့ပြီ....
နှလုံးသားကလာတဲ့မျက်ရည်တွေ ကိုတော့ပို၍မမြင်နိုင်သေးပေ..

===============================================                        ===========

Tae  မွေးနေ့က သိပ်တောင်မလိုတော့ပေ..
နှစ်တိုင်းတန်ဖိုးကြီးလက်ဆောင်မပေးနိုင်၍အားနာရသည်မှာ အကြိမ်ကြိမ်ပင်။သို့သော် Tae  ကလက်ဆောင်ကြီးကြီးမားမားထက် သူနှင့်ကျွန်တော် အတူတူတစ်သက်လုံး သူငယ်ချင်းအဖြစ်ရှိခြင်းကပဲ အကြီးမားဆုံးလက်ဆောင်ဟု ပြောလေ့ရှိသည်။

MindWhere stories live. Discover now