🐜5.1

602 79 10
                                    


ခုရက်ပိုင်းတွေမှာ Jungkook တစ်ယောက် အရင်လိုရန်မဖြစ်တော့ပဲ ရန်ငြိုးရန်စများပင်မရှိတော့ပေ။
Samuel, Tae နှင့်ကျွန်တော်ပါစာတွင်စိတ်နှစ်ထားကြသည်။Samuel  ကဥာဏ်ထက်သူဖြစ်၍ ကျွန်တော်နှင့်စာအမြဲ ဆွေးနွေးငြင်းခုန်လေ့ရှိ၏...
ကျွန်တော်တို့အားလုံးစာကို အာရုံစိုက်ကြခြင်းသည် SKKU  ၏အမှတ် 40% ယူသော ပထမနှစ်ဝက် စာမေးပွဲကြောင့်သာပင်.

သို့သော်လည်း.. ရူးမိုက်တဲ့စိတ် ကိုယ့်ထက်ငယ်တဲ့ ကောင်လေးတစ်ယောက်ကိုမှချစ်မိတဲ့စိတ်အဖက်မလုပ်သောသူကိုမှတစ်ဖက်သတ်ချစ်နေမိတဲ့စိတ်တွေနဲ့ခုရက်ပိုင်းအတန်းတွေမှာစိတ်မပါသလိုဖြစ်သလို နေမိလိုက်တယ်..
ထိန်းချုပ်ဖို့မလွယ်ကူတဲ့ အချစ်စိတ်ရယ်ပါ...
“Jimin hyung”
တိတ်ဆိတ်နေသော အခြေအနေကိုဖြိုခွင်းလိုက်သော Samuel ရဲ့အသံ..
“hyung  ကျွန်တော်တို့ စာမေးပွဲပြီးရင် ကမ်းခြေကိုခရီးထွက်ကြမယ်လေ အရမ်းတွေသွားချင်နေလို့”
“ငါရောလိုက်မှာနော် ဦးနှောက်ဆေးရတာပေါ့”
ခရီးထွက်ရခြင်းကို ဝါသနာပါလှသူ Tae ကတက်ကြွစွာပြော၏။
“ကလေး..  hyung  ကစာမေးပွဲပြီးလည်းအလုပ်တွေရှိသေးတယ်.. ပြီးတော့ ဘုရားကျောင်းကိုလည်းပြန်ရဦးမယ်”
ကျွန်တော် နှစ်တိုင်းစာမေးပွဲပြီး၍ ကျောင်းပိတ်သည်နှင့် မာသာကြီးဆီ ပြန်ဖြစ်မြဲဖြစ်သည်။
အခုနေနေသည့်အဆောင်တွင်လည်း အဆောင်လခ ပေးစရာမလိုပဲနေနိုင်ခြင်း၊ မှာမာသာကြီး၏ ကူညီပေးမှုဖြစ်၏။
ထို့ကြောင့်ပင် နှစ်တိုင်းပြန်လေ့ရှိပြီး ကျွန်တော့်လိုဘ၀တူ ကလေးများကိုစာသင်ပေး ဝေယျဝစ္စများ လုပ်ပေးလေ့ရှိတတ်တယ်။
“ဟာ hyungကလည်း လိုက်ခဲ့ရမယ်ဗျာ အဲ့ဒီလုပ်အားခတွေကျွန်တော်ပေးမယ် ပြီးတော့ ခရီးအပြန်ကြရင် ကျွန်တော်တို့ရော ဘုရားကျောင်းဝင်မယ်လေ တစ်ခါတည်းဆက်သွားကြတာပေါ့”
“ဟျောင့် မူရယ် သူ့ဟာသူမလိုက်ချင်နေပလေ့စေ ငါကတော့ကမ်းခြေပဲသွားပြီးပြန်လာမှာ ရှုပ်ရှုပ်ယှက်ယှက်နေရာတွေမသွားနိုင်ဘူးနော်”
Jungkookက လိုက်မည်။ သိပ်အံ့ဩသွားရ၏..  တခြားသူတွေနှင့်ရောနှောစွာနေလေ့မရှိသော သူကလိုက်မည်ဟုကြားလိုက်ရသည့် ကိုယ့်နားကိုပင်မယုံနိုင်..
“ဘုရားရေ မင်းကလိုက်ဦးမယ် ငါခေါ်မယ့်စာရင်းထဲမင်းမပါဘူး"
မူရယ်ပြောစကားကို ဂရုမစိုက်ဟန်ဖြင့်
“မင်းမခေါ်လည်းကိုယ့်စရိတ်နဲ့ကိုယ် လိုက်မှာ ဘာဖြစ်လဲ”
ကြားထဲမှ Taeက၀င်၍
“ကဲ တော်ကြတော့ ကလေးတွေလည်းမဟုတ်ပဲ” 
နှစ်ကောင်သား အော်သံကြောင့်ငြိမ်ကျသွားပြီး Tae  ကဘုရားကျောင်းသို့မည်သို့သွားမည့်အစီစဉ်များကို ပြောပြနေ၏။
Jungkookတစ်ယောက် Tae နှင်အတူသွားချင်သောကြောင့် ဟုသိလိုက်သည်။hyung ကမင်းပျော်တယ်ဆို ရင်ကွဲခံရလည်း မမှုဘူးလေ...

=========================

ဒီကမ်းခြေ
အပြာရောင်ကောင်းကင်ကြီးအောက်က ငွေရောင်လှိုင်းတွေနဲ့ ကျောက်ဆောင်ကျောက်သားခိုင်မာစွာတည်ရှိနေတဲ့... ဒီကမ်းခြေ  ဟောဒီ့ကမ်းခြေ...
“hyung”
ကားပေါ်ကဆင်းလျှင်ဆင်းချင်း လျှောက်လာခဲ့တာ ခပ်ဝေးဝေးမရောက်သေးမီခေါ်သံကြောင့်
“ဪ..  မူရယ်”
“hyung ကားပေါ်ကပစ္စည်းတွေချပြီး မတွေ့တော့လို့ လိုက်ကြည့်တာ hyung ကဒီရောက်နေတာကိုး”
“ပြောပါဦး ဒီနေရာကိုရောက်ဖူးတယ်မလား”
အင်း.. အမှတ်တရတွေ၊ဒဏ်ရာတွေ၊၀မ်းနည်းမှုတွေ လွှမခြုံ်းထားတဲ့နေရာပေါ့... ဟောဒီ့ကမ်းခြေပဲပေါ့
လူသူအရောက်နည်းသော်လည်း ဘုရားကျောင်းနဲ့အနီးဆုံကမ်းခြေပင် ထို့ကြောင့် တစ်လတစ်ခါ လာဖြစ်သေးသည်။ ကျောင်းတက်နေသည့်နေ့ရက်များမှလွဲ၍ ပိတ်သည်နှင့် လာလည်စ်ြသောနေရာ..
တစ်ယောက်သောသူနှင့်အတိတ်က အကြောင်းအရာတွေမဖြစ်ပျက်ခင်ထိပေါ့
“hyung...ဘာတေစဉ်းစားနေတာလဲ ကျွန်တော်မေးနေတာကြာလှပြီ ”
“ဘာလဲ hyung အချစ်ဦးအကြောင်းလား ဒီကမ်းခြေအကြောင်းလား”
အဟုတ်ပေါ့.. ကိုယ်မြတ်နိုးခဲ့သည့် အရာနှစ်ခုအကြောင်းပေါ့လေ တစ်ခုကသစ္စာရှိသော ပင်လယ်
နောက်တစ်ခုကသစ္စာမဲ့တဲ့ မုန်တိုင်းအသွင်လူသားတစ်ယောက်

ကျောက်ဆောင်ပေါ်မှာထိုင်ရင်းမေးလာသည့် Samuel  ကို
“အင်း.. နှစ်ခုလုံးအကြောင်းပေါ့”
“ဒါဆို hyung ကရည်းစားထားဘူးမှာပေါ့နော်”
“အဲ့ဒီတုန်းက ချစ်တယ်လို့ ပထမဦးဆုံးဘယ်နေရာမှာ ဖွင့်ပြောခဲ့တာလဲ”
မေးသင့်ပါတယ်၊ ချစ်ရသူနှစ်ယောက်ရဲ့ချစ်ခြင်းအစက “ချစ်တယ်”ဆိုတဲ့စကားတစ်ခွန်းစပြောတဲ့တိုတောင်းပြီးလှပတဲ့ အချိန်လေးကနေပေါက်ဖွားဖြစ်တည်လာခဲ့တာအမှန်ပဲလေ..
သို့သော် ကျွန်တော်တို့နှစ်ယောက်ကတော့
“ hyung တို့နှစ်ယောက်က ချစ်တယ်လို့မပြောပဲ ချစ်သူဖြစ်ခဲ့ကြတာလေ.. ”
“ဘယ်လို”
အံ့ဩစွာဖြင့်ပြောလိုက်တဲ့ Samuel  ကို
“မူရယ်ရေ... ထင်းသွားကောက်ရအောင်”
နောက်က..  Tae  ရဲ့ခေါ်သံ...
===========            ============
ဆက်ရန်..


MindWhere stories live. Discover now