🐜3(unicode)

219 12 6
                                    

Sungkyunkwon University မွာ Jimin တက်ဖို့ဖြစ်လာရသည်က ကံကြမ္မာ၏ ပြစ်ဒဏ်သာဖြစ်သည်ဟုဆိုရမလားပင်။

နှလုံးသားရေးကိစ္စမကျွမ်းကျင်မှုတို့အတွက် ခံစားရမည့်ဒုက္ခများ၏အစဟု သူ့ကို သူ အမြဲတွေးမိသည်။

Jimin မိဘေတြ ကားအက်ဆီးဒင့်တစ်ခုကြောင့် ဆုံးသွားသည်နှင့် Saint Louis ဘုရားကျောင်းသို့ ရောက်ခဲ့ရသည်မိဘမဲ့,မပြေလည်သူဖြစ်သည်မို့စာတွင်ပါမက အရာရာတွင်တော်အောင် Jimin ကြိုးစား၏။

အရာထင်မှုအဖြစ် တောင်ကိုရီးယား၏ထိပ်တန်းတက္ကသိုလ်SKKUကိုတက်ရောက်ခွင့်ရခဲ့သည်။

မပြေလည်သည့်ကြားကစာလည်းတော်ဘက်စုံထူးချွန်သူမို့ Jungkook ၏ဒေါ်လေးအကူအညီဖြင့် ပညာသင်ဆုပါရခဲ့တယ်။

အကြီးမားဆုံးဆုလာဘ်ကတော့ ကလေးနှင့်ဆုံတွေ့ရခြင်းပင်...
Jimin အတွေးလွန်နေရာမှ

ဟင်...ငါ့အခန်းရှေ့မှာနိုင်ငံခြားသားဘာလုပ်ဖို့ရပ်နေပါလိမ့်

1893ခုနှစ်ကတည်းကပင်
တည်ထောင်ခဲ့သောSKKU...
ရှေးဟောင်းတက္ကသိုလ် ဖြစ်သည့်အလျောက် နိုင်ငံခြားကျောင်းသားများပင်လာရောက်ပညာသင်ကြားနေ သော်လည်း ကိုရီးယားကျောင်းသားများဖြင့်ရောနှောစွာမနေကြသောကြောင့် Jimin အခန်းရှေ့ရောက်နေခြင်းကထူးဆန်းလှသည်။

Hey.. What's up?

အာ.. မင်္ဂလာပါ ကျွန်တော့်နာမည် Samuel Kim Arredondo ပါ

အလိုလေး တော်တော်ပင်အံ့ဩသွားရ၏။ လူမျိုးခြားကောင်လေးက ကိုရီးယားစကားကို ရည်လည်စွာပြောတတ်မှုကြောင့်ပင်..

ဟင်.. ကိုရီးယားစကားတတ်တယ်

တတ်တာပေါ့ဗျ ကျွန်တော့်အမေကကိုရီးယား အေဖက အမေရိကန် လေ

ဒါဆိုကပြားလေးပေါ့..
ကျွန်တော်မြင်ဖူးသော ကပြားအများစုကရုပ်ရည် မချောလှသော်လည်း အခုကောင်လေးကတော့ဖြောင်စင်းချွန်မြသော နှာတံနှင့် အနောက်တိုင်း၏ မျက်လုံးများကဲ့သို့အညိုရောင်သန်းနေ၍ မျက်တွင်း အနည်းငယ်ခပ်ချိုင့်ချိုင့်နေသည်မှာလည်းကြည့်ကောင်းလှသည်။

ဒါနဲ့ ကလေးကကို့အခန်းရှေ့မှာဘာလုပ်နေတာ

ဪ... Kookie ကလွှတ်လို်က်တာ

MindWhere stories live. Discover now