"Jimin တီချယ်ကခဏလာပါဦးတဲ့"ကောင်မလေးတစ်ယောက်ခေါ်သံကြားတော့မှ Tae နှင့်လေပေါနေရာမှ
"ဟုတ် လာပြီလာပြီ"
ငါ့ကိုဆရာမကဘာလို့ခေါ်တာပါလိမ့်။ဆရာမဆိုသည်မှာ ကျွန်တော်ကိုသားအရင်းသဖွယ်ချစ်ရှာသော ကထိကဆရာမဖြစ်သည်။
ရုံးခန်းထဲရောက်မှ ဆရာမစားပွဲရှေ့တွင်ကောင်လေးတစ်ယောက်...
ပုံစံကြည့်လိုက်ရုံဖြင့် ကျွန်တော့်ရဲ့ ကလေးဆိုတာမေးစရာမလိုပေ။ သူနဲ့ ကျွန်တော်ရေစက်ကလည်းဆုံနိုင်လွန်းလှသည်။"ဪ Jiminလေး ထိုင်ဦး"
ကလေးဘေးနားသို့ကပ်ထိုင်လျက်..
"ချယ် ပြောစရာလေးရှိလို့ခေါ်လိုက်တာ Jiminလေးကိုခုလိုတောင်းဆိုစရာလေးရှိနေလို့်"
"ဒါ ချယ်ရဲ့တူလေးလေ နာမည်က Jeon Jungkook တဲ့ ပထမနှစ်လေ အဲတာ သူ့  ကို သားနဲ့အတူတူစာတွေလုပ်ခိုင်းမလို့လေ"ဒီတော့မှ ကိုယ်တော်ချောက၀င်၍
"ဟာဗျာ တီလေးကလည်း သားနဲ့သူကအတန်းမှမတူပဲ"
"တိတ်စမ်း ငါကမင်းကို စာတော်တဲ့သူဆီက အကျင့်ကောင်းလေးတွေ အတုယူစေချင်လို့ဒီလိုနေခိုင်းတာ မင်းဝင်ပြီးလျှာရှည်မနေနဲ့တော့ Jeon Jungkook"
ပြောလိုက်တော့မှ လှပသောမျက်ခုံးတို့ တွန့်ခေါက်၍ နှုတ်ခမ်းပါးများပင် ဆူထော်နေပုံကိုတွေ့ရတာ ယုန်ပေါက်စလေးအလိုမကျမှုနှင့်တူနေ၏။
"ငါကလည်းမင်းomma တဖွဖွပြောနေလို့လုပ်ပေးရတာ မင်းကိုဒီလို လိမ္မာတဲ့ကလေးနဲ့မရောနှောခိုင်းချင်သေးတယ်"
ဒီတော့မှမျက်နှာဆူပုပ်၍
"အာ့ဆိုလည်း မနေခိုင်းနဲ့ပေါ့ဗျာ"
တော်တော်မလွယ်တဲ့ကလေးပါ။ ခုံများကိုတွန်းတိုက်၍ ဆောင့်ကြီးအောင့်ကြီး ထွက်သွား၏။ဒီတော့မှ
ဆရာမက ကျွန်တော့်အား"အဲ့ဒါသာကြည့်တော့ Jiminလေးရေ"
"အဲ့ကောင်လေးက မမတို့ကအလိုလိုက်ထားလို့ဒီလို ပြောမရဆိုမရလေးဖြစ်နေတာ"
"နောက် သားနဲ့ စာအတူလုပ်ရင်သည်းညည်းခံပြီးကူညီပေးနော်"
![](https://img.wattpad.com/cover/171832197-288-k816808.jpg)
YOU ARE READING
Mind
Romanceစိတ်ရဲ့စေရာအတိုင်းချစ်ခဲ့မိလို့တောင်းပန်ပါတယ် cast - Jeon Jungkook / Park Jimin - Jhope / Kim Taehyung - Min Yoongi - Samuel Kim Jikook(yaoi)