အားလုံးအိပ်မောကြနေပေမယ့် ကျွန်တော်မျက်စိကြောင်
နေသေးသည်ထင်၏။ အိပ်မပျော်သေး၍ ဟိုးအရင် ဒီနေရာ ဒိလိုအချိန်လောက်နီးနီးအခြေနေတစ်ခု လွန်ခဲ့သော နှစ်နှစ်ကျော်တွင် ကောင်လေးနှစ်ယောက်မအိပ်နိုင်သေးပဲရန်ဖြစ်နေပုံကို ပြန်လည်မြင်ယောင်နေမိသည်။ အဲဒီအချိန်က လက်တွေ့ချိန်ပြီးပြီးခြင်း Yoongi ကအတင်းခေါ်၍လိုက်လာသောကြောင့် စိတ်ညဉ်းညူနေသေး၏။ ထိုအချိန်ပြသနာ လာရှာသောသူကို ကျွန်တော်စိတ်တိုမိမှာအမှန်ပင်။ ထိုပြသနာလာရှာသောသူကလည်း Yoongi ကိုတိုင်ပင်ဖြစ်တယ်။
ကျွန်တော်ကားပေါ်က ဆင်းလျှင်ဆင်းခြင်း တစ်လမ်းလုံးစကားမပြောပဲနေသည့် Yoongi မှစ၍"ဟေ့ ငါမပြောဘူးဆိုပြီး ကားပေါ်မှာကတည်းကတစ်လျှောက်လုံးတေးလာတာခုတော့ ပြောမှရတော့မယ်...ညနေက ပရက်တီကယ်လ် ခန်းထဲကကောင်က ဘယ်ကကောင်လဲ ဘာကောင်လဲ....ဟမ်"
အမလေး...ကျွန်တော်ရဲ့ စိတ်ညစ်ညစ်ညူးသည်များ အဆင့်ထပ်၍တက်သွားသည်။ ပြောရမည်၊ ဒီလိုအထင်လွဲမှုမျိုးကို နည်းနည်းလေးမှမကြိုက် သဝန်တိုတတ်တဲ့သူ့စိတ်ကိုလည်း သိသည်။ အခေါက်အခါခါစွပ်စွဲခံရသမျှတွင် ကိုယ်ကချည်း အရေးတရာယူသည်းခံချော့ခဲ့ရသည်။ ဒီတစ်ခါတော့မရတော့ ကိုကို ကျွန်တော့်ရဲ့စိတ်အခြေအနေ အချိန်အခါဘယ်လိုရှိသည်ဆိုတာကိုတော့သိသွားစေချင်သည်။
ထို့ကြောင့်ပဲ မျက်နှာထားတင်းစွာပြောချလိုက်သည်။"ဟုတ်တယ်ဟေ့..ငါကအဲ့ဒီတစ်ယောက်နဲ့ ပရက်တီကယ်တစ်ချိန်လုံး ခိုးစားနေခဲ့ကြတာ ရှင်းပြီလား..."
"ဟေ့..ဟေ့ တော်ပြီ ငါက မင်းကို အဲ့ကောင်ကဘာလဲ ဘယ်လိုအထာလဲ ဘာကြောင့်အသားယူနေရတာလဲ ဒါမေးတာ...ဘာလဲ အိုးမလုံအုံပွင့်နေလို့လား...ပြောစမ်း"
အခြေအနေတစ်ခုက ရုတ်ချည်းပြောင်းလဲခက်ထန်သွားသည်။
"အဲလိုအသားယူနေမှန်းသိရင် မင်း ဇွတ်တရွတ်ဝင်လာပြီး အဲ့ကောင်ကိုလာသတ်လိုက်ပါလား အစကတည်းကဘာလို့မသတ်လဲ ဘာလို့လက်သီးနဲ့လာမထိုးပစ်ခဲ့လဲ ဘာလို့..ဘာလို့ ငါ့ကိုပဲလာပြီးပြသနာလာရှာနေတာလဲ..သောက်ကောင်ရဲ့...အီး..ဟီး.."

YOU ARE READING
Mind
Romanceစိတ်ရဲ့စေရာအတိုင်းချစ်ခဲ့မိလို့တောင်းပန်ပါတယ် cast - Jeon Jungkook / Park Jimin - Jhope / Kim Taehyung - Min Yoongi - Samuel Kim Jikook(yaoi)