Sehunမှာ အလုပ်တစ်ခုရှိတယ် 😇
အဲ့တာ ဘာလဲဆိုရင် မနက်ခင်တိုင်း Chanyeolကို နှိုး ရတာပဲ😤
မနှိုးရင်လဲ သူပဲ မနက်စာ ငတ်မှာကို 😇
မနက်စာ မငတ်ချင်ပါနော် 😢 Park Chanyeolကြီးက ဒီက Oh sehunnnie လေးအတွက် နွားနို့ လေးပါ ဖျော်ပေးတတ်လို့ 😇 မနှိုးချင်ပေမဲ့လဲ နှိုးရတာပေါ့😓
စကားပုံတောင်ရှိသေး ဘာတဲ့ မချစ်သော်လည်း အောင့်ကာနမ်းတဲ့😢
အဲ့လိုပဲ မငတ်ချင်တော့မနှိုးချင်လဲ နှိုးရတာပေါ့😐
Aww မေ့နေတာ Chanyeolနဲ့ Sehunမှာ အကျင့်ရှိတယ်... ။
ဘယ်တော့မှ အခန်းတံခါး ကို Lockမချ တာပဲ...
တစ်ယောက်အခန်း တစ်ယောက် ဝင်ရထွက်ရ လွယ် အောင်လို့ မဟုတ်ပေမဲ့ ဒီတိုင်းပဲ Lockမချတာ...
Sehunလဲ Chanyeol အခန်း တံခါးကို ဖွင့်လို့ သူ့အခန်းထဲ ကိုဝင်ခဲ့လိုက်တယ်...
"Chanyeol ထတော့ ထလို့"
Chanyeol ကိုယ်ကြီးကို အတင်းပဲ လှုပ်နိုးနေပေမဲ့ နည်းနည်းလေးတောင် မျက်လုံးပွင့်မလာ😞
နောက်ဆုံးနည်းလမ်းကိုပဲ ထုတ်သုံးရတော့မှာပေါ့ ဘယ်တတ်နိုင်မလဲ 😈
နေ့တိုင်း နောက်ဆုံး နည်းလမ်းကို သုံးနေရတယ်ဆိုတာတော့ ထည့်မပြောချင်😪
Sehunလဲ Chanyeol ရဲ့ ကိုယ်ပေါ် တတ်ခွကာ Chanyeolရဲ့ နားကားကားကြီးကို ကုန်းကိုက်သည်...။ နှာခေါင်းကို ကုန်းကိုက်သည်...။
အဲ့လို Sehunလေး ကုန်းကိုက်မှ နိုးတတ်တဲ့ Chanyeollieလေးပါ😬😬
Sehunမသိတာက Chanyeolတစ်ယောက်က Sehun လေး ကုန်ကိုက်တာ မခံရ မချင်း အိပ်ချင် ယောင်ဆောင်နေတတ်တယ်ဆိုတာပါပဲ😌
ဘာကြောင့်လဲ မမေးနဲ့ Chanyeolကိုယ်တိုင်တောင်မသိဘူး😑
"ထတော့ လို့ Chanyeol ငါဗိုက်စာပီ"
ဗိုက်ပေါ်မှာ အငြိမ်မနေတဲ့ Sehunကြောင့် Chanyeol မျက်လုံးဖွင့်လာပီ...
"ထပီကွာ ထပီ"
Chanyeolဗိုက်ပေါ် ထိုင်နေတဲ့ Sehunကို ကုတင်ပေါ် အသာချပေးလို့ ထပီး မျက်နာသစ်လိုက်ရသည်..။
![](https://img.wattpad.com/cover/174074449-288-k357584.jpg)