ချန်းယောလ် ပုခက် သုံးခုထဲမှ ကလေးနီတာရဲ သုံးယောက်ကို ကြည့်ကာ ပျော်မဆုံး...။
နီတာရဲရဲလေးနှင့် ချီကြည့်ချင်နေပေမဲ့ ကြောက်သည်...၊။
ချန်းယောလ် ကိုယ်တိုင် မချီရဲတာကြောင့်လဲ မားမားတို့ထဲက ဘယ်သူကို မှ ပေးမချီ...။
မားမားတို့နားကပ်ပီး ကလေးချီနည်း သင်ခိုင်လိုက်သေး၏။
ပိုလွန်းတယ်လို့ ပြောတဲ့ မားမားစကားကိုလဲ မတုန့်ပြန်ပါ..။ တကယ်ပဲ ချန်းယောလ် အကဲ ပိုနေမိတာ ချန်းယောလ် ကိုယ်တိုင်သိတာမို့..။
ဆယ်ဟွန်းနိုးလာရင်း ဆယ်ဟွန်းကို အရင်ပေးချီမည်...။
ပီးရင် မားမား သင်ပေးထားတဲ့ အတိုင်း ချန်းယောလ်က ချီမည်..။ ပီးမှ မိသားစုဝင်တွေကို ချန်းယောလ်ရဲ့ သားသားတွေကို ပေးချီမည်..။
"ချန်း.. ချန်းယောလ် "
"ဆယ်ဟွန်း နိုးလာပီလား "
"ကလေး ကလေးတွေရော အဆင်ပြေလား"
"အင်း ပြေတယ် သုံးမြွှာပူးတောင် "
"ငါကြည့်ချင်တယ်.."
"အင်း "
ချန်းယောလ် ပုခက်လေးတွေကို ဆယ်ဟွန်းဘေးမှာ ထားလိုက်ကာ ဆယ်ဟွန်းကြည့်ရ အဆင်ပြေအောင် ကုတင်ကို မြင့်ပေးလိုက်သည်။
"ချန်းယောလ် ငါချီကြည့်ချင်တယ် "
"အင်း"
ဆယ်ဟွန်း အလိုကျ ကလေးလေးကို ပုခက်ထဲမှ ပွေ့ယူပီး ဆယ်ဟွန်းလက်ထဲ ထည့်ပေးလိုက်သည်..။
"ငါ ပထမဆုံး မင်ချီရအောင် ဘယ်သူ့ကိုမှ ပေးမချီခိုင်းရသေးဘူး..."
ချန်းယောလ်ဆိုတဲ့ကောင်က ဆယ်ဟွန်းစိတ်ကို အတော် သိတဲ့ကောင်ပင်...။
ကလေးသုံးယောက်ကို တစ်လှည့်စီ ချီကြည့်ပီးနောက် အငယ်လေးနဲ့ အလတ်ကို ပွေ့ချီထားပီး ချန်းယောလ်ကို အကြီးဆုံးလေးကို ချီခိုင်းထားလိုက်သည်..။
ကလေးလေးတွေက ဆယ်ဟွန်း ကို သူတို့ကို မွေးပေးတဲ့ သူဆိုတာ သိတယ် ထင်...ဆယ်ဟွန်းနို့ကို လှမ်းကိုင်နေကြသည်..။
