19💔

3K 256 51
                                    

"မားမား သားတရုတ်ကို ခဏသွားချင်တယ်

ကလေးတွေကို မားမားတို့ ခဏကြည့်ပေးထား...

ချန်းယောလ် လာတောင်းရင် ထည့်မပေးပါနဲ့

ခဏ တွေ့ချင်ရင်တော့ ပေးတွေးလိုက်ပါ...

သားဘယ်သွားလဲမေးရင် ဘာမှမဖြေနဲ့နော်"

Store ဆိုင်ခဏသွားမယ်ဆိုပီး ထွက်သွားတာမိမိတို့ သားလေးဟာ ပြန်လာတော့ ငိုထားသလို မျက်လုံးတွေက မို့မောက်လို့...။

ရောက်ရောက်ချင်း အထုတ်တွေ ဆွဲပြင်နေတဲ့မိမိသားကို ကြည့်ချင်းအားဖြင့် Storeဆိုင်မှာ ဘယ်သူနဲ့ တွေ့ခဲ့တယ်ဆိုတာ မေးစရာပင်မလို။

အင်း သူတို့ နှစ်ယောက် လက်ထပ်ပီးထဲက မိမိတို့လဲ သူတို့နှစ်ယောက် အိမ်အနီးကို ပြောင်းနေခဲ့တာမို့...

ခုလို Storeဆိုင်တစ်ခုထဲမှာ တူတူဆုံဖို့က အရမ်းကို လွယ်တဲ့ ကိစ္စပါလေ...။

ဘာတွေဖြစ်နေလဲ မိမိသေချာမသိပေမဲ့ မိမိသား စိတ်ချမ်းသာဖို့ ဦးစားပေးရမည်..။

ကလေးသုံးယောက်မွေးထားတဲ့ မိမိတို့သားက ခုထိ မျက်လုံးထဲမှာ ကလေးတစ်ယောက်သာသာပဲ မလား...။

တရုတ်မှာ ခဏလောက်လေး သွားနေပီး စိတ်ပြေသွားဖို့မျှော်လင့်မိပါရဲ့...။

ကလေးလေးသုံးယောက်ဟာ ဖခင်နှစ်ယောက်နဲ့ အတူပဲ ရှိစေချင်သည်...။

မိမိမြေးလေးတွေကို ဖခင်နှစ်ယောက် မေတ္တာ အပြည့်အဝရစေချင်ပါရဲ့...။

မိမိသားကို ချန်းယောလ် ဘယ်လောက်ချစ်ပီး အလိုလိုက် မှန်း နှစ်ဖက်မိဘ မျက်မြင်ပင်...။

နည်းနည်းလောက်ပိုတာလေးလျှော့ပါဦးလား* ဟုပင် ဆယ်ဟွန်းနောက်ကွယ်တွင် ပြောယူရသည့်အထိ ပိုလွန်းတဲ့ ချန်းယောလ်ဟာ ဘာအမှားတွေများလုပ်မိတာပါလိမ့်...။

အရင်လို မင်းပဲ အလျှော့ပေးပီး လာချော့ လှည့်ပါလို့သာ ပြောလိုက်ချင်သည်...။

"ဟာ မားမား လေယာဉ်က မနက်ဖြန်မှ ရမှာတဲ့ တောက် ထွက်သွားချင်နေပါပီဆို..."

"သွား ကလေးတွေဆီ စိတ်ပြေအောင်သွားနေလိုက် "

"နေချင်ဘူး အိပ်နေချင်တာပဲသိတယ်

မားမားလဲ အပြင်ထွက်ပီး ကလေးတွေကို ကြည့်ထားဦး "

"အိပ်အိပ် သေအောင်အိပ်...

ကလေးထိန်းဖြစ်တဲ့ ကျွန်မတို့ပဲ ကလေးတွေကို ကြည့်ထားလိုက်မယ်"

မားမားဟာလဲ ဆယ်ဟွန်းကို အဆုံးထိ စိတ်မရှည်ပေးပြန်ပယဘူး...။

မသိဘူး အိပ်တာပဲကောင်းတယ်... ။

မှတ်ထားချန်းယောလ် မနက်ဖြန် ငါတရုတ်ကို ထွက်သွားမယ်...။

ငါစိတ်ထဲကနေ မင်းကိုပြောပြပေးလိုက်ပီနော်...။ငါတာဝန်ကျေတယ်..။

ဟင့်...ဟင့်...လွမ်းတယ်ချန်းယောလ်...

ဆယ်ဟွန်းထွက်သွားပီးတော့ လမ်းကြားထဲမှာပဲ ချန်းယောလ် အကြာကြီး ထိုင်နေမိခဲ့သည်...။

အိမ်ကိုပြန်လာခဲ့တဲ့ ခြေလှမ်းတွေဟာလဲ အသက်မပါတော့...။

ဆယ်ဟွန်း ကပဲ ရက်စက် လွန်းတာလား?
ကံကြမ္မာကပဲ ရက်စက်လွန်းခဲ့တာလား?

အိမ်နားအရောက် မြည်လာတဲ့phသံကြောင့်...

"ဟယ်လို မားမား "

"သား ဆယ်ဟွန်း နဲ့ အဆင်မပြေဘူးဆို "

"ဟုတ် "

"သူ ထွက်သွားဖို့လုပ်နေတယ် တရုတ်ကို ကလေးသုံးယောက်ကို သူ့မားမားတို့အိမ်မှာထားပီး "

"ဗျာ"

ထို့နောက် ချန်းယောလ် မားမားပတ်ခ် ဘာတွေပြောနေတယ်ဆိုတာ သူ့အာရုံထဲမှာ မရှိတော့.....။

လုပ်ရက်လိုက်လေခြင်းဆိုပီး ဆယ်ဟွန်းကို စိတ်နာရမလား မတွေးတတ်တော့ပါလေ...။

အနားက ထွက်သွားချင်တဲ့သူကို ဆွဲထားရမှာ ချန်းယောလ် မာနက ခွင့်ပြုခြင်းမရှိ...။

ဒီလိုနဲ့ပဲ ဝေးရတော့မှာလားလေ...😞

................

မျှော်နေတဲ့သူရှိလား

မတည့် အတူနေ😇(complete )Where stories live. Discover now