6💝

4.2K 302 23
                                    

အိပ်ယာ နိုးလာတော့ Sehun နာကျင်မှုက ပြောမပြတတ်...။

ဘေးမှာ အိပ်နေမယ်ထင်တဲ့ Chanyeolလဲ မရှိတာကြောင့် Sehun ကိုယ့်ဘာသာ ထရပ်ကာ မျက်နာသစ်ဖို့ ပြင်ရသည်...။

သေချာတောင် မတ်တပ်မရပ်နိုင်...
ပြန်ပြန်ပီး ထို်င်ကျသွားတာမို့ ParkChanyeolကြီးကို မေတ္တာအလုံးလိုက်ကြီးကို ပို့လိုက်မိသည်...။

Sehunပို့သတဲ့ မေတ္တာ တွေကြောင့်ထင်တယ် 😒

အခန်းထဲကို ဝင်လာတဲ့ Chanyeol...

ကျွန်တော်ကိုလဲ မြင်ရော အနားကို ပြေးလာကာ   ပွေ့ချီပီး...

"လှမ်းခေါ်တာတော့မဟုတ်ဘူး Sehunရာ"

"တော် တိတ် မင်းအသံမကြားချင်ဘူး နောက်တစ်ခါ မင်းအလှည့်ပဲ"

"ဟင့်အင် မင်းကိုပဲယူမှာ "

"မင်း.."

တကယ်ပဲ Chanyeol ကို လက်လန်တယ်...

အရှက်မရှိတဲ့ စကားတွေ သူ့မို့ပြောထွက်ရဲတယ်...။

"ထွက်သွား ပီးမှ ပြန်လာခေါ် "

ကျွန်တော် စကားကို အရမ်းကို နားထောင်တတ်လွန်းတဲ့ ParkChanyeolက ခေါင်းကို အတင်းကို ရမ်းပြကာ...

သူကိုယ်တိုင် မျက်နာသစ်ပေးပီး သွားတိုက်ဖို့ကိုလဲ သူပဲ လုပ်ပေးနေသည်...။

လူကို သွားတိုက်သင်ပေးနေတာများလားမသိဘူး😒

ရေချိုးမယ်လုပ်တော့လဲ ကိုယ်တိုင်ချိုးပါမယ်ဆိုတာကို အတင်း မရမက ကို ချိုးပေးပြန်ရော...

အင်္ကျီ ဝတ်တော့လဲ အတင်းဝတ်ပေးတာ😞

ထမင်းစားတော့လဲ ဝါးမကျွေးရုံတမယ်ပဲ...😞

"Park Chan ငါ ကလေးမဟုတ်ဘူးကွ"

"အင်း သိတယ် မင်းက ငါ့ချစ်ချစ်"

အေး ကောင်းရော ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး...။😒

"Aww Sehun "

"ပြော "

"ငါ မင်းကို ခေါ်ဖို့ နာမည်စဉ်းစားထားတယ် သိလား"

"ပုံမှန်ပဲခေါ် အတွန့်မတတ်နဲ့"

"မရဘူးကွာ ခုက စပီး seseလေး လို့ ခေါ်တော့မယ် "

မတည့် အတူနေ😇(complete )Where stories live. Discover now