"သားသား willis၊ သားသား loey၊ သားသား chanse လေး မိုင်မိုင်စားမယ် ပါးပါးဆီ လာကြဟေ့ "
ဆယ်ဟွန်းဆီပြေးလာကြမဲ့ လုံးတုံးတုံး သားအမွှာလေး သုံးယောက်ကို လက်ကမ်းလို့ စောင့်ကြိုနေလိုက်သည်...။
ရင်ခွင်ထဲကို မဆန့်မပြဲ တိုင်းဝင်လာကြတဲ့ သုံးယောက်လုံးကို ဖက်ထားလိုက်ရင်း..
"ပါးပါးကို အာဘွားပေးပါဦး "
"မွ "
"မွ "
"မွ "တစ်ယောက်တစ်လှည့်စီ ဆယ်ဟွန်း ဖောင်းပေးထားတဲ့ ပါးပေါ်သို့ အနမ်း ခြွေချသွားကြသည်...။
တစ်နေ့ တစ်နေ့ ဒီသားသားလေးတွေဆီကပဲ အားဆေး ယူနေရတယ်..။
ဆယ်ဟွန်းရဲ့ အားဆေးကြီးကတော့ ခုချိန် ထိ အောက်ထပ် ဆင်းမလားသေ...။
ဆယ်ဟွန်းသိသည်...။ ဆယ်ဟွန်းသွားမနှိုး မချင်း ထမှာ မဟုတ်ဘူး...။ အကျင့်ပုတ်ကောင်။
အလုပ်နောက်ကျမှာဆိုးတော့ ဒီလူပဲ သွားနှိုးရဦးမယ်ပေါ့...။
"သားသားတို့ မိုင်မိုင်စားနေနော် ပါးပါး မင်းတို့ Daddyကို သွားနှိုးလိုက်ဦးမယ် နော် "
"ညန်ညန် ဆင်းလာခဲ့နော် ပါးပါးကို daddyသွားနှိုးရင် ပါးပါး ပါ ပြန်ပြန် အိပ်ပျော်သွားတယ် ထင်နေတာ တားတားတို့က နော့ "
အငယ်ဆုံးကောင်လေး Chanse ရဲ့ စကားတတ်မှုကြောင့် အပြုံးတို့က ဖြစ်ထွန်းရပြန်သည်...။
"ပါးပါး က မြန်ပါတယ်ကွာ မင်းတို့ Daddy နှိုးရခက်လို့ "
"တေချာရား...တားတား တို့ ထင်နေတာ မှားတယ်ပေါ့ "
"သားသားတို့က ဘာထင်လို့တုန်း... "
"ညည daddyနဲ့ပါးပါး ကချား ကျသလို မနက်ချိုလဲ ကစား ကျတယ်ထင်နေတာ "
အမလေး...ဆယ်ဟွန်း အရှက်တွေ ကုန်ပါပီ...။
အဲ့တာ ပတ်ချန်းယောလ် ကြောင့်...။ ကလေးတွေ အိပ်နေပီ ဆိုပီး ညာတာပါတေးနဲ့ ဆယ်ဟွန်းကို အနိုင်ကျင့်တာ...။
"ပါးပါးသွားပီ"
ရှက်ရှက်နဲ့ ကလေးတွေရှေ့က ပြေးထွက်တော့..
![](https://img.wattpad.com/cover/174074449-288-k357584.jpg)