"ချန်းယောလ် "
"ဟင်"
"ကလေးသုံးယောက်နဲ့အတူ တစ်နိုင်ငံကို ခရီး ထွက်ရအောင် လားဟင် "
"ဟာ...သားသားတို့ကို ချန်ခဲ့ပါ မင်းနဲ့ငါ နှစ်ယောက်ထဲပဲ သွားရအောင် "
"မင်းနဲ့ငါနဲ့ပဲဆို သားသားတို့ကို ဘယ်လိုလုပ်မလဲ"
"ယောက္ခမ တို့နဲ့ ထားခဲ့မယ်လေကွာ....
ရှုပ်ရှုပ်ရှက်ရှက် ခေါ်မနေတော့နဲ့နော် ""အင်း..."
အဖြစ်က မနှစ်ကနဲ့မတူစွာ မိမိပခုံးပေါ်မှာ ဆယ်ဟွန်းက လှဲအိပ်နေသည်။
အရင်က တစ်ကျက်ကျက် ရန်ဖြစ်နေကြပေမဲ့ ခုချိန်မှာတော့ ချန်းယောလ် အတွက် နိဗ္ဗာန် ဘုံပင်။
သားလေးတွေကို မူကြို လွှတ်လိုက်ပီး ပြန်မလာခင်ထိ မိမိတို့ နှစ်ယောက် ချစ်ကြည်နူးရသည်။
ခုလို ဆယ်ဟွန်းဘက်က ခရီး အတူသွားမယ် ပြောလာဖို့ မျှော်လင့်မထားပေမဲ့ ချန်းယောလ်ကိုယ်တိုင်လဲ ဒီစကားကို ပြောဖို့ တွေးထားတာ ဖြစ်သည်။
သားသုံးယောက် မပါပဲ မိမိတို့ လင်လင် နှစ်ယောက်ပဲ သွားမဲ့ ခရီး ။
အရှုက်ထုပ်တွေ မပါတော့ ဘယ်လောက် ကြည်နူး စရာကောင်းလိမ့်မလဲ နော် ။
ချက်ခြင်းပင် အထုတ်ပြင်ပီး သွားချင်နေပီ။
တွေးရင်ပင် ထတောင် ကချင်မိသည့်အထိ ပျော်နေမိသည်။
ဒီအရှုပ်ထုပ်လေးတွေကြောင့် မိမိမှာ ကြောင်သားကောင်းကောင်းမစားခဲ့ရတာ ကြာခဲ့ ပြီကိုး။"ဘယ်သွားချင်လဲ ဆယ်ဟွန်း "
"ဟာဝိုင်အီ "
ချန်းယောလ်နဲ့ဆယ်ဟွန်းရဲ့ အမှတ်တရတွေ အများကြီး ရှိခဲ့ဖူးတဲ့ အာဝိုင်အီကို ဆယ်ဟွန်းစိတ်ထဲ အမှတ်ရနေတော့ ပျော်မိသည်။
"ငယ်ငယ်က မိဘတွေတူတူသွားပီး မင်းနဲ့ အမြဲ ရန်ဖြစ်တယ်။ အမှတ်တရတွေက roမဆန်ခဲ့တော့
ခုတော့ မင်းနဲ့ အတူသွားပီး အမှတ်တရ လှလှလေးတွေ ထားခဲ့ ကြရအောင်လေ"
"အင်း..."
နောက်နေ့မှာပဲ ည လေယာဉ်နဲ့ ထွက်ခဲ့လိုက်သည်။
![](https://img.wattpad.com/cover/174074449-288-k357584.jpg)