ချန်းယောလ် အဖြေရှာမရ...
ဆယ်ဟွန်းတစ်ကယ်ပဲ သူ့ကို စိတ်ကုန်သွားတာလား...
မနေ့ညထဲက ဆယ်ဟွန်းဟာ သူ့မိဘတွေအိမ်ပြန်သွားပီး ကလေးသုံးယောက်ကို သူပဲခေါ်ထားသည်ထင်ရဲ့...။
တကယ်ပဲ ကွာရှင်းမယ်ဆိုရင် ဆယ်ဟွန်းဟာ တကယ်ပဲ သူ့အပေါ် သံယောဇဉ် နည်းနည်း တောင်မရှိဘူးလား...။
အကြောင်းကိစ္စ ရေရေရာရာမရှိပဲ ဒီလိုစကားမျိုးပြောထွက်တာ တော်တော် လူမဆန်တာပဲ...။
ချန်းယောလ်အရမ်းချစ်မှန်းသိလို့ လုပ်ရက်လွန်းတာများလား...
ဒီနေ့အလုပ်တောင် မသွားနိုင်ပဲ မနက်ထဲက သောက်နေမိတဲ့ အရက်ပုလင်းတွေကာ ချန်းယောလ်ဘေးပတ်ပတ်လည်မှာ ရှုပ်ပွလို့...။
အဟက် ခဖန်းယောလ်မှာသာ ဆယ်ဟွန်း နဲ့ ခွဲနေရတာ တစ်ရက်မပြည့်သေး အရူးလိုဖြစ်ချင်နေပီ...။
ဆယ်ဟွန်း ကတော့ သာယာနေမလားမသိ...။အစထဲက ချန်းယောလ်ကို ဆယ်ဟွန်းမှ မချစ်ခဲ့တာ...။
သောက်စရာ ပုလင်းကုန်နေပီမို့ ထပ်ဝယ်ရန် store ဆိုင်သို့ ထွက်လာခဲ့လိုက်သည်...။
ဆိုဂျူးတစ်ပါကင်နဲ့ ဘီယာ တစ်ပါကင် ယူလိုက်ပီး အမြည်းအတွက် မုန့်တန်းဘက်လျှောက်နေတုန်း ကြားလိုက်ရတဲ့ အသံ...
အရမ်းကိုမှ ရင်းနှီးနေတဲ့အသံမို့သွားကြည့်မိတော့...
မိန်းကလေးတစ်ယောက်နှင့်ပြုံးပြီးစကားပြောနေတဲ့ ဆယ်ဟွန်း...။
မိန်းကလေး ကို ပြုံးပြနေတာဟာ ပါစပ်းကြီး နားရွက်တတ်ချိတ်မတတ်...။
နှုတ်ခမ်း သေးနေလို့သာ.... ။
သူ့ ချန်းယောလ်ကို ကွာရှင်းချင်ရတဲ့ အကြောင်းအရင်းက ဒီကောင်မလေးကြောင့်လား...။
ရုပ်ကလဲ မချောပဲနဲ့..ဟက်
ချန်းယောလ်ထက်သာယာမှုပေးနိုင်လို့လား...
အမို့အမောက်တွေပါလို့လား...
သိချင်စိတ်က ထိန်းမရ
စိတ်ထက် ခန္ဓာကိုယ် က ပိုမြန်သည်...။
စကားပြောနေတဲ့ ဆယ်ဟွန်းလက်ကို ဆွဲပီး အပြင်ကို ခေါ်ထုတ်လာခဲ့သည်...။
![](https://img.wattpad.com/cover/174074449-288-k357584.jpg)