အပိုင်း ~~~ ၁၂

1.9K 179 7
                                    

ရက်​သတ္တပတ်​ အနည်းငယ်​ကြာမြင့်​သည်
အထိ အိမ်​​ရှေ့စံကြင်​ရာ​တော်​ ​ရွေးချယ်​မှု
ကို မပြုလုပ်​ရ​သေးတာ​ကြောင့်​ အမတ်​ကြီး
တွေအားလုံး လှုပ်​လှုပ်​ရှားရှားဖြစ်​ကုန်​ကြ
သည်​.....

အိမ်​​ရှေ့မင်းသားရဲ့ ပြတ်​သားတဲ့စိတ်​ဓာတ်
ကိုသိကြသလို မိတဆိုးသား​တော်​ကို အချစ်​ပို
လှ​သောမင်းကြီးကိုယ်​တိုင်​ကလဲဘာအ​ကြောင်း
တစ်​စုံတစ်​ရာမှ မိန့်​ကြားခြင်းမရှိတာ​ကြောင့်​ပါ
ဘာမှမ​လျှောက်​တင်​ရဲပဲ ငြိမ်​​နေကြရခြင်းပင်​ဖြစ်
သည်​....

နန်းတွင်းအ​နောက်​ဘက်​က ​ရေကန်​​လေး​ပေါ်ရှိ
အဖြူ​ရောင်​တံတား​ပေါ်မှာဘယ်​မှညာ ညာမှဘယ်
ခေါက်​တုံ့လူးလား ​လျှောက်​​နေ​သော အိမ်​​ရှေ့စံ
ကြောင့်​ အ​ခြွေအရံ​တွေသာမက အထိန်း​တော်
ကြီးပင်​ ​ခေါင်း​တွေမူးလာရသည်​.....

တစ်​စုံတစ်​ခုကို​တွေး​တော​နေ​သော မင်းသားက
တော့ ​နောက်​ကအ​စေခံ​တွေရဲ့အဖြစ်​ကိုမမြင်
နိုင်​ပဲ မ​မောနိုင်​ မပမ်းနိုင်​ ​လျှောက်​​နေဆဲ .....

" အိမ်​​ရှေ့မင်းသား.. .. တစ်​ခုခုကို စိုးရိမ်​ပူပန်
စရာရှိ​နေလို့ပါလား..... ကျွန်​​တော်​မျိုးကို ​ပြော
ပြမယ်​ဆိုရင်ဘယ်​လိုကိစ္စမျိုးမဆို ကျွန်​​တော်​မျိုး
က​ဖြေရှင်း​ပေးမှာမို့ စိတ်​ထဲရှင်းသွား​အောင်​​ပြော
ပြလိုက်​ပါ..."

အထိန်း​တော်​ကြီးရဲ့ စကား​ကြောင့်​ ချန်း လမ်း
လျှောက်​​နေတာကိုရပ်​လိုက်​ရင်းအ​နောက်​ဘက်
ကို လှည့်​လိုက်​ကာ မိမိကို စိုးရိမ်​ပူပန်​စွာကြည့်
နေ​သောအထိန်း​တော်​ကြီးကို ကြည့်​ကာပြုံးလိုက်
ရင်း ......

" အထိန်း​တော်​ကြီး အမြင်​မှာ .... ကိုယ်​​တော့်​ရဲ့
ပုံက တစ်​စုံတစ်​ခုကို စိုးရိမ်​ပူပန်​​နေတာနဲ့တူသလား
အထိန်း​တော်​ကြီး...."

" ဟုတ်​ကဲ့ .... ကျွန်​​တော်​မျိုးမင်းသားအနားမှာ
ခစား​နေခဲ့တဲ့အနှစ်​နှစ်​ဆယ်​​ကျော်​မှာ မင်းသား
ရဲ့ မျက်​နှာ အခုလို ​လေးနက်​တည်​ကြည်​ပြီး တစ်
စုံတစ်​ခုကို ပူပန်​​ကြောင့်​ကြသလို ဖြစ်​​နေတာကို
မြင်​ဖူးတာဒါပထမဆုံးအကြိမ်​ပါပဲ... ဘာကိစ္စများ
ဖြစ်​​နေလို့ပါလဲ မင်းသား​လေး ....."

အရှင့်​ရဲ့ ကြင်​ယာ​တော်​Where stories live. Discover now