အပိုင်း ~~~ ၁၆

4.2K 213 25
                                    

အချစ်​နဲ့​တွေ့တဲ့လူ​တွေတိုင်းဟာ​ ​ပြောင်းလဲသွား
တတ်​ကြတယ်​ဆိုတဲ့ စကားကို ဆယ်​ဟွန်း လက်
ခံလိုက်​ရ​တော့ မလိုပင်​ ထင်​မိသည်​......

အခုရက်​ထဲမှာ မင်းသားငယ်​ ရဲ့ မျက်​နှာ​လေးက သိ
သာစွာပင်​ လန်းဆန်းတက်​ကြွလာခဲ့သလို အပြုံးနုနု
လေး​တွေကလတ်​ဆတ်​လွန်း​နေသည်​ကို သတိ
ထား မိ​နေသည်​ ......

ချန်း လာတဲ့ ရက်​​တွေမှာ မင်းသားငယ်​ ရဲ့ မျက်​၀န်း
တွေမှာ ထက်​ဟပ်​​နေတဲ့ ကြည်​နူး​ပျော်​ရွှင်​မှု​တွေက
ဖုံးဖိမရ​အောင်​ သိသာလွန်း ​နေတတ်​သလို ......

ချန်း မလာတဲ့ ရက်​​တွေမှာဆိုရင်​​တော့ စိတ်​ကူး​တွေ
လွင့်​​မြောရင်း တစ်​ခါတစ်​ရံ သတိမဲ့စွာ တစ်​​ယောက်
တည်း ပြုံးလိုက်​ ​ခေါင်း​တွေ ညိတ်​လိုက်​ အ​ယောင်
ယောင်​ အမှားမှား​တွေ လုပ်​လိုက်​နဲ့ မသိမသာ အိမ်
တံခါးဝဆီကို ​ငေး​မျှော်​တတ်​​သေးသည်​.....

" ဟွန်းနီး ​.... ငါတို့ ​ဈေးတန်းဘက်​ လမ်း​လျှောက်
ကြမလား ....."

" ​ကောင်းပါပြီ မင်းသား​လေး ... ကျွန်​​တော်​ အပြင်​မှာ ​စောင့်​​နေပါ့မယ်​ ..... "

ဦးညွှတ်​ရင်း ​ဖြေလိုက်​​တော့ ဘာတုံ့ပြန်​သံမှ မကြား
ရတာမို့ ဆယ်​ဟွန်း မျက်​လွှာပင့်​ကာ​မော့ကြည့်
လိုက်​လျှင်​အလိုမကျစွာ ကြည့်​​နေတဲ့ မင်းသား​လေး
ကက​လေးတစ်​​ယောက်​လို ​ခြေ​ဆောင့်​ကာ အိပ်​ခန်း
ထဲ ကို ပြန်​၀င်​သွားတာမို့ .......

" မင်းသား​လေး .... အပြင်​မှာ ​စောင့်​​နေမယ်​​နော်​...
အ၀တ်​အစားကို အသင့်​အတင်​ပဲ ၀တ်​ဆင်​ခဲ့ပါ... လူ ​တွေအရမ်း သတိထားမိမယ့်​ အ၀တ်​​တွေ မ၀တ်
လာပါနဲ့ ..."

" မသွား​တော့ဘူး .... မသွားဘူး .... ​ခေါ်​တော့ မင်း
သား​လေး .... မင်းသား​လေး နဲ့ .... ​နေရာတကာ စည်းကမ်း​တွေအမိန့်​​တွေ စည်းကမ်း​တွေချည်း ​ပေး
နေတာပဲ ... မင်းက ခမည်း​တော်​ထက်​ ​ကြောက်​ဖို့
ကောင်းတယ်​ ... အဲ့ဒါကို သိရဲ့လား ဟွန်းနီး ..."

အရှင့်​ရဲ့ ကြင်​ယာ​တော်​Where stories live. Discover now