အပိုင်း ~~~~ ၉

2.1K 218 21
                                    

" ဘတ်​ဟွန်း ... "

ချန်း ​ ရဲ့​ခေါ်သံ​ကြောင့်​ ရုတ်​တရက်​ကိုယ်​​လေးတုန်​သွားကာလှည့်​ကြည့်​​လာ​သော​ကောင်​​လေးရဲ့မျက်နှာ​လေးကလ​ရောင်​​​အောက်​မှာ ပင်​ ရှက်​​ရိပ်​​တွေစွန်းကာ ခပ်​ရဲရဲ​လေး
နီမြန်း​နေသည်​....

အဖိုးတန်​ ပိုးထည်​အ၀တ်​အစား​တွေ​နေရာမှာ သာမာန်
ချည်​ထည်​ အ၀တ်​အစား​တွေသာ ​ပြောင်းလဲ​နေရာယူထား
ပေမယ့်​တစ်​သက်​လုံး ​လေပြင်းပြင်းပင်​အတိုးမခံရ​လောက်
အောင်​ နူးနူးညံ့ညံ့​နေလာခဲ့သူမို့လား မသိ မင်းသားတစ်​ပါး
ရဲ့ ခမ်းနားထည်​၀ါမှုက ​လျော့ပါးမသွား.....

တန်​ဖိုးနည်း ချည်​ထည်​အ၀တ်​အစားတို့ကိုပါ လင်းလက်​သွား​စေရ​လောက်​​အောင်​ကို ထင်းထင်းရှင်းရှင်း ကြည်​လင်
ကာ အရှိန်​အ၀ါတစ်​ခု ကို ခံစားမြင်​​နေရသည်​.....

ကွာခြားသွားသည့်​အရာတစ်​ခုက တစ်​ပင်​တိုင်​နန်း​ဆောင်​ထဲမှာ အထီးကျန်​တိတ်​ဆိတ်​စွာ ​နေထိုင်​ခဲ့​သော မင်းသား
လေးက သာမာန်​အစားအ​သောက်​​တွေစား​သောက်​ရင်း
သာမာန်​အ၀တ်​အစား​တွေဝတ်​ဆင်​ရင်း သာမာန်​လူတစ်
ယောက်​လို ​နေထိုင်​ရင်း ​မျက်​နှာ​လေးက ရွှင်​ပျ​နေ​ခြင်း
ဖြစ်​သည်​......

" ချန်း ..... "

" ဟင်​ ... အင်း... ​ပြော ... ဘာ... ဘာလဲ ...."

" ခစ်​..... ဟား....ဟား.....ဟား..... ဘာလဲ ....တဲ့ ..."

အ​တွေးလွန်​​နေ​သော ချန်း တစ်​​ယောက်​ ဘတ်​ဟွန်း ရဲ့
ခေါ်သံ​ကြောင့်​ လန့်​သွားမိကာ အ​ယောင်​​ယောင်​အမှားမှား
တွေ ဖြစ်​ရင်း အိ​နြေ္ဒပြန်​ဆယ်​ကာ​မေးခွန်းထုတ်​လိုက်​​တော့
ဘတ်​ဟွန်း က သ​ဘောကျစွာ ရယ်​​မောရင်း ချန်း ကိုလက်
ညှိုးထိုးကာ ​လှောင်​ရယ်​​နေတာ​ကြောင့်​ .....

" အိုဟိုး...... ရာရာစစ ....ငါက ဘယ်​သူမှန်းသိလို့ အခုလို ​လှောင်​ရယ်​​နေရဲ ရတာလဲ...."

ချန်း စကား​ကြောင့်​ ဘတ်​ဟွန်း ရယ်​သံ​လေး​တွေက မီးကို
ရေနဲ့ ငြှိမ်းလိုက်​သလို တိကနဲ တိတ်​ကျသွားပြီး ချန်း ဆီမှ
အကြည့်​လွှဲကာ ဟိုးအ​ဝေးက မပြည့်​တပြည့်​ လ၀န်းကြီးကို
ငေး​မော​စွာကြည့်ေ​နရင်း....

အရှင့်​ရဲ့ ကြင်​ယာ​တော်​Where stories live. Discover now