အပိုင်း ~~~ ၁၃

1.9K 167 4
                                    

ဟန်​ယန်း မြို့ထဲတစ်​​နေရာက
မီး​ရောင်​ဖျဖျသာရှိ​သော ​သေရည်
ဆိုင်တစ်ခုရဲ့ သီးသန့်​အခန်းကျဉ်း
လေးတစ်​ခုထဲဝယ်​ သူမနဲ့အတူထိုင်
မိကြ​တော့

" ကျွန်​မကိုအိမ်​​ရှေ့စံ မိဖုရားအဖြစ်
ရွေးချယ်​​ပေးပါ အိမ်​​ရှေ့မင်းသား "

ရုတ်​တရက်​ မိမိ​ရှေ့မှာ ဒူး​ထောက်
ချရင်း​ပြောလိုက်​​သော သူမစကား
ကြောင့်​ ချန်း သူမကို ခပ်​စူးစူးတစ်
ချက်​ကြည့်​လိုက်​ရင်း.....

" မင်းက အ​ကြောက်​အလန့်​မရှိတဲ့
မိန်းက​လေးပဲ .... ရူးမိုက်​တဲ့အလုပ်
တွေလုပ်​မ​နေပဲ အိမ်​ကိုသာပြန်​ပါ...."

စားပွဲ​ပေါ်က ​သေရည်​ ခွက်​ကိုယူကာ
တရှိန်​ထိုး​မော့ချလိုက်​ပြီး ထိုအခန်း
ငယ်​​လေးထဲမှ ထထွက်​သွားဖို့ ရပ်
လိုက်​သည်​နှင့်​....

" ကျွန်​​မကိုသာ အိမ်​​ရှေ့စံမိဖုရားအဖြစ်
ရွေးချယ်​ခဲ့ရင်​.... အိမ်​​ရှေ့မင်းသား ရဲ့
ချစ်​သူကို အိမ်​​ရှေ့မင်းသားအနား​ရောက်
အောင်​ ကူညီ​ပေးပါ့မယ်​ ...."

ထိုစကား​ကြောင့်​ ချန်း လှမ်းလက်​စ​ခြေလှမ်း
ကိုရပ်​ကာ ရင်​ဘတ်​ထဲမှာအသင့်​​ဆောင်​ထား
သေဓား​မြှောင်​ကိုထုတ်​ပြီးသူမလည်​တိုင်​​ကျော့
ကျော့ကို ဓားအသွားတင်​လိုက်​ရင်း....

" မင်း ငါ့ကို​စော်​ကား​နေတာလား....ငါ့ချစ်​သူ
ကိ ငါ့ရဲ့အနား​ခေါ်ထားဖို့ ဘာ​ကြောင့်​မင်းရဲ့
အကူအညီကို ယူရမှာလဲ ...."

" ခွင့်​လွှတ်​ပါမင်းသား... မင်းသားရဲ့ချစ်​သူ
ဟာ သာမာန်​လူလတ်​တန်းစား အမျိုးသား
တစ်​​ယောက်​ပါ.... ဒီလိုလူမျိုးကို အရှင့်​သား
ရဲ့ ဖခင်​နဲ့ မူးမတ်​​တွေက လက်​ခံ​ပေးမယ်​ထင်
ပါသလား....."

သူမ စကား​ကြောင့်​ ချန်း အနည်းငယ်
တွေ​ဝေသွားရသည်​...တကယ်​လဲ မိမိ
စိုးရိမ်​​နေခဲ့​သော ကိစ္စတစ်​ခုကို ချက်​ချင်း
သိမြင်​နိုင်​​သော သူမရဲ့ ထက်​မြက်​မှုကိုလဲ
တိတ်​တဆိတ်​အသိအမှတ်​ပြုလိုက်​မိသည်​...

အရှင့်​ရဲ့ ကြင်​ယာ​တော်​Where stories live. Discover now