အပိုင်း ~~~ ၁၁

2K 190 5
                                    

ခြံဝင်းကျယ်​ကြီးထဲမှာသီချင်း​လေးတ​အေး​အေးနဲ့သစ်​ရွက်
ကြွေ​တွေကို လှဲကျင်း​နေမိသည်​....

" ဆယ်​ဟွန်း ကို မြို့​တော်​က အ​ကောင်းဆုံး သမား​တော်
နဲ့ ကုသ​ပေးမယ်​.... ပတ်​၀န်းကျင်​အသစ်​မှာ အသားကျ​အောင်​ ​နေနိုင်​ဖို့အတွက်​ ... မင်း ကူညီရမယ်​ .... အလုပ်
လုပ်​​ပေးရမယ်​ .... "

ချန်း မှာကြားခဲ့တဲ့အတိုင်း ပိုင်​ရှင်​မရှိတဲ့ အိမ်​​တော်​ကြီးထဲမှာ ​နေ့စဉ်​​နေ့တိုင်း ပန်းပင်​​လေး​တွေကို ပြုစုရင်း အမှိုက်
သရိုက်​​တွေကို လှည်းကျင်းဖယ်​ရှားရင်း​အေးချမ်းစွာ ​နေ
ထိုင်​ခွင့်​ရ​နေသည်​.....

အလုပ်​တစ်​ခုဟု တာဝန်​​ပေးခဲ့​ပေမယ့်​ စိတ်​သက်​သာရာ ရ
အောင်​ တမင်​စီစဉ်​​ပေးထားရုံသာဖြစ်​ပြီး ပင်​ပန်းတဲ့အလုပ်
မရှိခဲ့​ပေ.....ထို့အပြင်​ ဟွန်းနီး ကို ပြုစု​စောက်​​ရှောက်​ဖို့ လူ
တစ်​​ယောက်​နဲ့ အ​စေခံတစ်​​ယောက်​ပင်​ သပ်​သပ်​ထားခဲ့
ပေးတာ​ကြောင့်​ တကယ်​ပဲ သူ လုပ်​ရသည့်​အလုပ်​က ပန်း
ပင်​​လေး​တွေကို ​ရေ​လောင်းရုံ သစ်​ရွက်​​ခြောက်​များ လှည်း
ကျင်း​ပေးရုံသာ......

" သခင်​​လေး ...သခင်​​လေး ...လူနာသတိရလာပါပြီ ...."

အ​ပြေးအလွှား​အော်ဟစ်ရင်း ​ပြေးလာ​သော ​ကောင်​​လေး
ရဲ့စကား​ကြောင့်​ ဘတ်​ဟွန်း လက်​ထဲက ​ရေခွက်​ကို ​မြေ
ပြင်​​ပေါ် ပစ်​ချကာ အိမ်​ထဲအ​ပြေးဝင်​လာခဲ့လိုက်​သည်​......

" ဟွန်း .... ဟွန်းနီး ..... "

အံ့သြ၀မ်းသာစွာလှမ်း​ခေါ်လိုက်​​တော့အိပ်​ယာ​ပေါ်မှာ ထိုင်
နေ​သော ဟွန်းနီး က အခန်းတံခါးဝဆီ လှည့်​ကြည့်​လာကာ ပြုံးပြလိုက်​ရင်း .....

" မင်းသား ..... "

ကျွန်​​တော်​ တုန်​ရင်​​နေ​သော ​ခြေလှမ်း​တွေနဲ့ ဟွန်းနီး အနားကို အ​ပြေးသွားလိုက်​မိသည်​ .....။ အနည်းငယ်​ ဖြူ
ဖျော့​နေ​သေး​ပေမယ့်​ ဟွန်းနီး ရဲ့ နှုတ်​ခမ်း​တွေက ​သွေး
ရောင်​လွှမ်း​နေ​လေပြီ မဟုတ်​ပါလား .....

အရှင့်​ရဲ့ ကြင်​ယာ​တော်​Where stories live. Discover now