အပိုင်း ~~~~ ၁၅

1.9K 188 15
                                    

" ဟွန်းနီး ..... "

" ဟုတ်​ကဲ့ပါ မင်းသား ..."

မိုးစက်​​လေး​တွေတ​ဖြောက်​​ဖြောက်​ကျ​နေတာကို​ငေးကြည့်
ရင်း ခပ်​​လေး​လေး ​ခေါ်လာတာ​ကြောင့်​ ဆယ်​ဟွန်း ထရပ်​ရင်း ထူးလိုက်​​တော့မင်းသားငယ်​ ရဲ့ အကြည့်​​တွေအသက်
မဲ့စွာ ​ရွေ့လျားလာပြီး .....

" မင်း အိမ်​ကို သတိရ​နေလားဟင်​ ..... ငါ​လေ .... ငါ "

" ကျွန်​​တော့်​မှာ သတိရစရာ အိမ်​မရှိပါဘူး မင်းသား ...."

ဆယ်​ဟွန်း စကား​ကြောင့်​ မင်းသားငယ်​ မျက်​နှာတစ်​ခုလုံး
သွေးစုတ်​ ဖြူ​လျော်​သွားခဲ့ရသည်​ ......

" သတိရစရာ အိမ်​မရှိဘူး ..... ? အိမ်​မရှိဘူးတဲ့လား .... ဒါက ဘယ်​လို ...... "

" ကျွန်​​တော်​မျိုးက မင်းသားရဲ့ ​နောက်​လိုက်​ပါ မင်းသားရဲ့
ကိုယ်​ရံ​တော်​ပါ မင်းသား ..... ကျွန်​​တော်​မျိုးရဲ့ အသက်​က
မင်းသား အပိုင်​ဖြစ်​ပြီး ..မင်းသားရှိတဲ့အရပ်​ဟာကျွန်​​တော်
မျိုး​နေထိုင်​ရမယ့်​​နေရာပါ .... "

ဆယ်​ဟွန်း ရဲ့ ပြတ်​သားတဲ့ စကားသံ​တွေ အဆုံးမှာ ရင်​ဘတ်​​ပေါ်ကျ​ရောက်​လာတဲ့ လက်​သီးဆုပ်​တစ်​ခု .....

ဘုတ်​ !!!

" အရူး ... မင်းက တကယ့်​အရူးပဲ .... ဘာလို့များ.... ငါ့လိုလူအတွက်​နဲ့ .... ငါ့မိသားစုက​တောင်​ ငါ့လို မင်းသားကို အလိုမရှိလို့ စွန့်​ပစ်​ခဲ့တာ .... မင်းက ဘာလို့လဲ .. မင်း
က ဘာလို့ ....."

ဘုတ်​ !!!

ဘုတ်​ !!!

ဘုတ်​ !!!

နောက်​တစ်​ကြိမ်​ လက်​​သီးဆုပ်​​ကို ထပ်​​မြှောက်​လိုက်​ချိန်​မှာ ပဲ ဆယ်​ဟွန်း က အဲ့ဒီ လက်​သီးဆုပ်​​လေးကို လှမ်းဆွဲယူလိုက်​ရင်း ......

" ကျွန်​​တော်​ မင်းသားကို ခစားခဲ့တာ .... မင်းသားကို လိုအပ်​လို့ ... စွန့်​ပစ်​ဖို့ ... အသုံးချဖို့ ... ဒါမျိုအ​ကြောင်းရင်း
တွေ မရှိခဲ့ဘူး ... အစကတည်းက အခုချိန်​အထိ ... ကျွန်
တော့်​ရဲ့ တာဝန်​ က .... မင်းသားကို ကာကွယ်​ဖို့ပဲ ...ကျွန်
တော်​ အသက်​ရှင်​​နေသ​ရွေ့ မင်းသားကို ကာကွယ်​ဖို့ပဲ .."

အရှင့်​ရဲ့ ကြင်​ယာ​တော်​Where stories live. Discover now