အပိုင်း ~~~ ၈

2.1K 215 15
                                    

နန်းတွင်းညီလာခံ ခန်းမထဲတွင်​ဖြစ်​သည်​....။ အတွင်းဝန်
အမတ်​ချုပ်​ကြီးမှစ၍ ကာကွ​ယ်ေ​ရးအမတ်​ကြီး ၊ စစ်​သူ
ကြီး နဲ့ နန်းတွင်းကိုယ်​ရံ​တော်​ ​ခေါင်း​ဆောင်​ သာမက အမှု
စစ်​ ရဲမတ်​​ခေါင်း​ဆော်​အထိ ဆိုင်​ရာဌာနစီတိုင်းမှ တာဝန်​ရှိ
သူများ အားလုံး စု​ဝေး​ရောက်​ရှိ​နေကြသည်​....။

နန်းတွင်းညီလာခံခန်းမမှာ အမတ်​ကြီး​တွေရဲ့ စု​ဝေးငြင်းခုန်
ရာအရပ်​ဖြစ်​​သော်​လဲ ယခုအခါတွင်​မူ တိတ်​ဆိတ်​မှုက ကြီးစိုး မင်းမူ​နေသည်​....။ မှန်​သည်​ အမတ်​ကြီးများ အားလုံးက ​လျှောက်​လမ်း အလည်​မှာ လက်​နှစ်​ဖက်​​နောက်​ပစ်​ကာ
ခပ်​တည်​တည်​ ရပ်​​နေ​သော အိမ်​​ရှေ့စံ မင်းသား  ပတ်​ချန်း ကို အကဲခတ်​သလို လှမ်းကြည့်​​နေကြ​သော​ကြောင့်​ပင်
ဖြစ်​သည်​.....။

လွန်​ခဲ့​သော တစ်​လခန့်​က အမဲလိုက်​ထွက်​ရင်း လုပ်​ကြံသူများ​ကြောင့်​ အသက်​​သေဆုံးသွားခဲ့ပြီဟု စုံစမ်းစစ်​​ဆေးမိကာ ဇာပန ပွဲအထိ ကျင်းပခဲ့ပြီး​သော အိမ်​​ရှေ့စံကအခု
အ​ဆောင်​အ​ယောင်​အပြည့်​အစုံနဲ့ အားလုံးရဲ့​ရှေ့မှာ ရှိ​နေ
သည်​မဟုတ်​ပါလား....... ။

" မင်းကြီး ..... ကြွချီလာပြီ....."

မင်းကြီးရဲ့ အထိန်း​တော်​ .. အထိန်း​တော်​ချုပ်​ကြီးရဲ့​အော်​သံ​ကြောင့်​ အိမ်​​ရှေ့မင်းသားနဲ့ တစ်​ကွ အမတ်​ကြီးများအား
လုံး မင်းကြီးကို ဦးညွှတ်​အရိုအ​သေ ​ပေးလိုက်​သည်​....။

" ချန်း .... "

မင်းကြီးကား ညီလာခံ ခန်းမထဲကို အ​ပြေးဝင်​လာပြီး သား
တော်​ရဲ့ နာမည်​ကို ကြင်​နာစွာ​ခေါ်လိုက်​ရင်း အ​ပြေး​ထွေး
ပွေ့လိုက်​သည်​.... အခုအချိန်​မှာ ရာဇအိ​နြေ္ဒကိုလဲ ဂရုမ
စိုက်​နိုင်​..... နန်းတွင်းစည်းကမ်း​တွေကိုလဲ သတိမပြုအား
..... မိမိ ဆုံးရှုံးခဲ့ရပြီ ဟုသတ်​မှတ်​ထားခဲ့​သော သား​တော်
က မိမိရဲ့​ရှေ့မှာ ကျန်းမာခန့်​ညားစွာ ရပ်​တည်​​နေခဲ့သည်
မဟုတ်​ပါလား.. ......

" စိတ်​ပူ​စေခဲ့မိတဲ့အတွက်​.... စိုးရွံ့မိပါတယ်​ ခမည်း​တော်​... သား​တော်​ အသက်​အန္တရာယ်​မရှိ​ကြောင်း ... အရင်​ဆုံး
အ​ကြောင်းကြားရမှာ​ပေမယ့်​... အရမ်း​ဝေးလံတဲ့​နေရာကို
ရောက်​​နေတာမို့.... ဘယ်​လိုမှ........."

အရှင့်​ရဲ့ ကြင်​ယာ​တော်​Where stories live. Discover now