I

1.8K 255 12
                                    

ZAWGYI VERSION

Busan medicinal university....,

တက္ကသိုလ်ကော်ရစ်တာတစ်လျောက်ပြေးလွှားနေသော ကျောင်းသားလေးနှစ်ယောက်.....,တစ်နည်းအားဖြင့်အထက်တန်းကျောင်းသားလေးနှစ်ယောက်....။အတန်းတတ်ချိန်ဖြစ်၍ လမ်းတစ်လျောက်လူရှင်းလျက်ရှိသည်။ကော်ရစ်တာတစ်လျောက်ပြေးလွှားနေသောသူတို့ကိုလမ်းတစ်လျောက်တွေ့သူတွေကကွက်ကြည့်ကွက်ကြည့်ဖြင့်...။ ကြည့်လည်းကြည့်ချင်စရာ....။အထက်တန်းကျောင်းသားတွေဖြစ်သောသူတို့နှစ်ယောက်သည် အဘယ်ကြောင့် သူတို့နှင့်မသက်ဆိုင်သေးသော ကိုရီးယား၏နာမည်ကြီးသောဆေးတက္ကသိုလ်တွင်ရောက်နေပါသနည်း။

အဖြေမှာတစ်ခြားမဟုတ်......။ပတ်ခ်ဂျီမင်းဆိုသောကောင်လေး၏ crushဆိုသောသူကြောင့်ပင်။

"ဟေ့ကောင် မြန်မြန်လာပါဟ"

"အေးပါကွာ လာနေပါတယ်"

နောက်မှလှုပ်စိ လှုပ်စိဖြင့်လာနေသောသူငယ်ချင်းဖြစ်သူ ဂျုံးဂုအားဂျီမင်းစိတ်မရှည်သလိုလှမ်းခေါ်လိုက်သည်။ထိုအခါ ဘေးမှဖြတ်သွားသောဆရာဝန်လောင်းမမအားငမ်းနေရာမှပြေးလာသော သကောင့်သား ဂျောင်ဂျုံးဂု။

ထိုလိပ်လျှောက် လျှောက်နေသောဂျုံးဂုကိုဂျီမင်းစိတ်မရှည်တော့။ စိတ်ရှုပ်သလိုဆံပင်တို့ကိုဆွဲဖွလိုက်သည်။ကျစ် ....အချိန်မရှိပါဘူးဆို။ သူ ဂျုံးဂုအားစောင့်မနေတော့။ ဆက်စောင့်နေလျှင် ချစ်ဦးသူအားမတွေ့ရဘဲနေတော့မည်။

"ငါသွားနှင့်ပြီ ဟေ့ကောင်!!"

ဂျုံးဂုအားအော်ပြောလိုက်ပြီးဂျီမင်းခြေလှမ်းတို့က
သူ့အချစ်ဦးရှိရာစာသင်ဆောင်ဆီသို့......။

အဖြူရောင်အထပ်ထပ်သုတ်ထားသောစာသင်ဆောင်...။
ပြတင်းပေါက်မှနေ၍အခန်းတွင်းသို့ဂျီမင်း ချောင်းကြည့်နေမိသည်။ စာတော်သူ စာကြိုးစားသူတို့သာ အများဆုံးတတ်ရောက်ကြသောတက္ကသိုလ်ဖြစ်၍ ယခုလိုအတန်းချိန်တွင်လျှောက်လမ်းတစ်လျောက်လူရှင်းနေသည်။ ထို့ကြောင့်ဂျီမင်းသည်သူ့အရပ်ထပ်အနည်းငယ်မြင့်နေသောပြတင်းပေါက်ဘောင်မှ crushဖြစ်သူအားအပြီချောင်းနေလေသည်။

ᴍᴀᴋᴇ ᴀ ᴡɪꜱʜ / ᴄ /Where stories live. Discover now