ZAWGYI VERSIONတီ တီ တီ
အတိတ်တို့ကိုပြန်တူးဆွနေတုန်းရုတ်တရက်ထမြည်လာသောဖုန်းသံကြောင့်အတွေးယာဉ်ကြောကပျက်လက်သွားသည်။ ကောင်တာပေါ်တင်ထားသော ဖုန်းအားကောက်ယူကာ screenအားကြည့်လိုက်တော့ ယွန်းဂျီနှုတ်ခမ်းပါးတို့တွန့်ကျိုးသွားသည်။ အချိန်တွေကြာပြီး ကိုယ်ပိုင်အလုပ် လုပ်ကိုင်နေပြီဖြစ်သော်လည်း ယခုထိတိုင်သူမအား စိတ်မချသေးသူ..... ။ ခပ်ငယ်ငယ် ဆံပင်ကုတ်ခွဲနှင့်ကလေးတစ်ယောက်လိုသာမြင်နေသေးသော သူမ။
"မေမေ"
အစိမ်းရောင် accept ခလုတ်အားနှိပ်ကာခေါ်နေကြနာမ်စားအတိုင်းခေါ်လိုက်တော့....တစ်ဖတ်မှ ရီသံလွင်လွင်ကထွက်ပေါ်လာသည်။
"ဒီနေ့ ဘယ်လိုနေလဲ ယွန်းဂျီလေး"
မေမေအမေးကြောင့်သူမရီလိုက်သည်။ မေမေသည်သူမအားနေ့စဉ်ဖုန်းဆက်၍မေးလေ့ရှိလေသည်။
"ဟုတ်ကဲ့ အားလုံးအဆင်ပြေနေပါတယ် ဒီနေ့တော့......"
ဒီနေ့ကြုံတွေ့ခဲ့သမျှအရာအားလုံးအကြောင်းမေမေ့ကိုပြန်ပြောနေမိသည်။
အဖြစ်အပျက်များစွာဖြစ်ပျက်ပြီးနောက်မေမေနဲ့ဖေဖေ နှစ်ယောက်ပြန်ပေါင်းပြီးဖေဖေ့မွေးရပ်မြေllsanတွင်သွားရောက်နေထိုင်ကြသည်။ ထို့ကြောင့် ဆိုးလ်တွင်သူမတစ်ယောက်တည်းကျန်ရှိခဲ့သည်။ ဆိုးလ်တွင်ကိုယ်ပိုင်တိုက်ခန်းတစ်ခုဝယ်ပြီး remicone ဆိုသော ice cream shopလေးအားဆက်လတ်ဖွင့်ခဲ့သည်။ ထိုဆိုင်လေးအား သူငယ်ချင်းဖြစ်သူကရောင်းတော့မည်ဟုပြောခဲ့တုန်းက သူမ မရောင်းရန်တားခဲ့သည်။သို့သော် နိုင်ငံခြားတွင်ပညာသင်သွားမည့်သူငယ်ချင်းက သူအပျော်တမ်းဖွင့်ထားသောဆိုင်လေးကိုရောင်းမယ်ဟုသာတကဲကဲလုပ်နေခဲ့သည်။ ထို့ကြောင့် မတတ်နိုင်တော့သည့်အဆုံး သူမ ထိုice cream shopလေးကိုဝယ်ခဲ့သည်။ ဂျီမင်းအရမ်းသဘောကျသောဆိုင်လေးမဟုတ်ပါလား......။
ဂျီမင်း၏ဈာပနအခမ်းအနားတွင်တီလေးက သူမအားစာအုပ်တစ်အုပ်ပေးလာခဲ့သည်။ ခပ်ဝိုင်းဝိုင်းမဟုတ်သောလက်ရေးတို့ဖြင့်ဖွဲ့သီသောဂျီမင်း၏ diary စာအုပ်။ စာအုပ်ပါအကြောင်းအရာတို့ကိုဖတ်မိတော့....သူမမျက်ရည်တို့မဆယ်နိုင်။ ကိုကိုနဲ့ဂျီမင်း ။ အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦး....။ တစ်ယောက်သည်နောက်တစ်ယောက်၏အချစ်ဦး....။ ကိုကို့အချစ်ဦးသည်ဂျီမင်းဖြစ်သည်ကိုသိသော်လည်း ဂျီမင်းအချစ်ဦးသည် ကိုကိုဖြစ်နေလိမ့်မည်ဟုမထင်ခဲ့...။
YOU ARE READING
ᴍᴀᴋᴇ ᴀ ᴡɪꜱʜ / ᴄ /
FanfictionClose your eyes and Let's make a wish ZawGyi+unicode....