S

1.8K 248 25
                                    

ZAWGYI VERSION

မီးရောင်ပျပျလင်းနေသောအခန်းငယ်၏ဆိုဖာထပ်တွင်ဆေးလိပ်အားလက်ကြားညှပ်ကာစိမ်ပြေနပြေဖွာနေသော.......မင်နမ်ဂျွန်း...။ဆေးလိပ်ငွေ့တို့သည်မှုတ်ထုတ်ခြင်းခံလိုက်ရသော်ခပ်ထူထူနှုတ်ခမ်းပါးမှအခန်းတွင်းသို့ပျံလွင့်သွားသည်။

ပျံလွင့်သွားသောဆေးလိပ်ငွေ့တွေနဲ့အတူသူ့အတွေးတို့သည်လည်းနေ့လည်ကယွန်းဂီနဲ့ပြောခဲ့သောစကားအချို့ဆီသို့.......။

သူကုမ္ပဏီတွင်များပြားလှသောအလုပ်များကြားခေါင်းအပ်နေတုန်းယွန်းဂီရောက်လာခဲ့သည်။ အကို့သားဟာအကို့အတိုင်းအချစ်ကို ကိုးကွယ်လွန်းတယ်....။ဂျီမင်းယာဉ်တိုက်မှုသည် နမ်ဂျွန်း ကြောင့်ဖြစ်သည်ဆိုသောအကြောင်းပြချက်နဲ့တကွစွပ်စွဲလာခဲ့သည်။ ထိုကိစ္စကြောင့်ယွန်းဂီနဲ့နမ်ဂျွန်းတို့အချင်းများကြသည်။ 'ဘာအကြောင်းမျိုးနဲ့မှ ညီ့ ကိုမထိနဲ့' ဟုလည်းခြိမ်းခြောက်သွားသေးသည်။
သက်ပြင်းမောတစ်ခုကိုလေးပင်စွာချရင်းနမ်ဂျွန်းဆိုဖာပေါ်ခေါင်းမှီချလိုက်သည်။မျက်ဝန်းတို့ကိုအနားပေးမိတော့.......

တဖြေးဖြေးပွင့်ဟလာသောတံခါးငယ်နှင့်အတူဝင်လာသောသူ....။အခန်းတွင်းပျံ့လွင့်နေသောဆေးလိပ်ငွေ့တို့ကြောင့်ထင့်........ချောင်းဆိုးသံတစ်စွန်းတစ်စကြောင့်မှေးမှိတ်ထားသောနမ်ဂျွမ်းမျက်ဝန်းတို့ပွင့်လာပြီးထိုသူအားကြည့်လိုက်သည်။နှုတ်ခမ်းပါးမှထွက်ပေါ်လာသောမြတ်နိုးလွန်းသောအမည်နာမ.......။

"ဂျင်းနီ...."

အံသြမှုအပြည့်ဖြင့်နမ်ဂျွန်း...ကြည့်နေမိသည်။အံ့သြလည်းအံ့သြသင့်ပေသည်။ပဲရစ်တွင်သမီးနဲ့အတူရှိနေရမည့်ဂျင်းနီသည်
အဘယ်ကြောင့်
သူ့ဆီရောက်လာပါသနည်း။ဂျီမင်းနဲ့ယွန်းဂျီအကြောင်းကိုသိသွားပြီလား။ထိုကြောင့်သူ့ဆီရောက်လာလေသလား။
နမ်ဂျွန်း ခေါင်းထဲ 'လား' ပေါင်းများစွာပဲ့တင်ထပ်
လျက်....။

"ဂျွန်း...."

သူ့နာမည်အားဟိုးတစ်ချိန်ကခေါ်ခဲ့သည့်အတိုင်းခေါ်လာပြီးသူ့ရှေ့တွင်လာရပ်သည်။နမ်ဂျွန်းသတိလက်လွတ်ငေးနေမိတုန်းမှာဘဲ....

ᴍᴀᴋᴇ ᴀ ᴡɪꜱʜ / ᴄ /Tempat cerita menjadi hidup. Temukan sekarang