Chapter (2)

8.2K 625 5
                                    

Unicode

ခရမ်းရောင်မြေခွေးလေးကို ကျွေးမွေးစောင့်ရှောက်ရတာဟာ တဖြေးဖြေးနဲ့ Xiao ရဲ့တာဝန်ဖြစ်လာခဲ့တယ် ခရမ်းရောင်မြေခွေးလေးကလည်း Xiaoကလွဲလို့ ဘယ်သူ့ကိုမှအနားမကပ်ခံပေ အဲ့ဒါကြောင့် မြေခွေးလေးကို ပြုစုရတာက Xiao ရဲ့တာဝန်တရပ်ဖြစ်လာခဲ့တယ်

တောင်ပေါ်က လေ့ကျင့်ကွင်းမှ လူမရှိလို့ Yama ရယ် Gui တို့နဲ့ ၃ယောက်ထဲလေ့ကျင့်နေတုန်း

"အကိုXiao ရေ ဟိုမှာ ဟိုမြေခွေးလေးမဟုတ်ဘူးလား

အမှီးတွေကို ဖြန့်ထားကာ သူ့စီကိုလာဖို့ခေါ်နေတဲ့ပုံလာလုပ်ပြနေတာနေတာကြောင့် မြေခွေးလေးစီသွားလိုက်ပြီး

"ဘာဖြစ်လာပြန်ပြီလည်း

မိစ္တာတွေကို နှိမ်နင်းရတဲ့သူဆိုတာမှန်ပေမယ့် ဒီကောင်လေးကိုတော့ မနှိမ်နင်းချင်ဘူး ဆရာ့ကိုလည်းပြောထားတာမို့ ဆရာက ဒီမြေခွေးလေးက သက်တမ်းကြာနေပေမယ့် လူသတ်ဖူးတဲ့အရိပ်အယောင်မရှိတာကြောင့် ကျင့်ဝတ်ညီတယ်လို့ပြောကာ တောင်ပေါ်မှာနေခွင့်ပြုခဲ့တယ်

အခုလည်း တခုခုကိုလုပ်စေချင်သည့်ပုံစံလုပ်ပြနေတာကြောင့် ကောက်ချီလိုက်ပြီး

"Gui Yama အကိုခဏသွားနားလိုက်ဦးမယ်

"ဟုတ် အကို Xiao

မြေခွေးလေးကိုချီကာ တောင်အောက်ကိုဆင်းလာခဲ့တယ် တောင်အောက်မှာ ရေတံခွန်ရှိသည်မို့လို့ မြေခွေးလေးအကြိုက်ပင်

"မင်းဒီလာချင်တာမလား

မြေခွေးလေးက အမြှီးလှုပ်ပြကာ ရေကန်ထဲမှာ ရေဆင်းကူးတော့တယ် သူကူးတာကြည့်နေရင်း ညကအိပ်ရေးပျက်ထားတာမို့လို့ ခဏလောက်မှေးခနဲ အိပ်ပျော်သွားခဲ့တယ်
.
.
.
နိုးလာတော့ ကိုယ်ပေါ်မှာလေးလံတဲ့ အရာတခုပိနေသလိုဖြစ်တာကြောင့် မျက်လုံးဖွင့်လိုက်တော့ အကျီၤ ခရမ်းရောင်ဝတ်ထားတဲ့ ယောကျ်ားလေး၁ယောက် သူ့ပေါ်မှာ မှောက်လျက်လေးအိပ်နေလေတယ်

အလန့်တကြားအော်လိုက်တာကြောင့် ထိုကောင်လေးလည်းလန့်နိုးလာပြီး ဟိုကြည့် ဒီကြည့်လုပ်နေတယ်

"မင်းဘယ်သူလည်း ဘယ်လိုဖြစ်… နေဦး မင်းက မိစ္တာလား မင်းကိုယ်က အနံ့ရတယ်

ပိုင္ဆိုင္ခြင့္(ပိုင်ဆိုင်ခွင့်)Where stories live. Discover now