Part (6)

6.1K 442 8
                                    

Unicode

နေမကောင်းတဲ့ Qizi ကို အနီးကပ်ပြုစုပေးချင်ပေမယ့် ဆရာ 5 က ဂိုဏ်း ၄ဂိုဏ်း ရဲ့ အစည်းအဝေးသွားခိုင်းတာကြောင့် Moon ဂိုဏ်းစီကိုသွားနေရလေတယ် Moon ဂိုဏ်းကိုသွားဖို့ဆို 4ရက်လောက်ကြာတာကြောင့် Xiao အနေနဲ့လုံးဝမသွားချင်ပါ အရမ်းဝေကွာလွန်းတာကြောင့်ပင် အခုတော့ Qizi ကိုစိတ်မချလို့ Yama နဲ့ထားခဲ့လိုက်တယ် Gui ကတော့ Xiao နဲ့ Moon ဂိုဏ်းကိုသွားလေတယ်

Moon ဂိုဏ်းရောက်တော့

စိန်ကျောက်တွေ စီထားသလိုပင် အဆောက်အဦးတိုင်းဟာ တောက်ပလို့နေလေတယ် ဂိုဏ်းအသီးသီးကလည်းရောက်နေပြီမို့လို့ လှည့်ပတ်ကြည့်လိုက်တော့ ခဲရောင် ဖျော့ဖျော့လေးကိုဝတ်ဆင်ထားတဲ့သူတွေဟာ Moon ဂိုဏ်းသားဆိုတာမြင်တာနဲ့သိနိုင်သလို အဝါရောင်တောက်တောက်ဝန်ကာ အကျီၤနောက်ဘက်မှာ နေပုံစံရှိနေတာကိုကြည့်ရင်လည်း နေဂိုဏ်းကဆိုတဲ့ အရာကိုသိနိုင်ပေတယ် Red ဂိုဏ်းကတော့ ခြေထောက်ပိုင်းမှာ ရှည်လျားလှတဲ့ ဝတ်စုံကိုဝတ်ထားကြသလို အပေါ်ပိုင်း လည်ပင်းနားမှာလည်း အနီရောင် ပုလဲတွေပါဝင်လို့နေတယ်

"Blue ဂိုဏ်းက ၂ယောက်လာတာပါလား

"ဟုတ်ပါတယ်

ဂိုဏ်းတွေဟာ အနည်းဆုံး 10ယောက်ပါလာကြပေမယ့် Blue ဂိုဏ်းကတော့ ၂ယောက်ပဲလာတာကြောင့် အံ့သြလို့နေကြလေတယ်

"ကြည့်ရတာ Blue ဂိုဏ်းက ဒီအစည်းအဝေးကိုလာချင်ကြပုံမပေါ့ဘူး

အိမ်ရှင်မြေဖြစ်တဲ့ Moon ခေါင်းဆောင်ရဲ့စကားများကြောင့်

"အဲ့လိုမဟုတ်ပါဘူး Blue မြေမှာ အခုတလော မိစ္တာတွေအရမ်းသောင်းကြမ်းနေတော့ ဒီကိုလူအင်အားနဲ့လာရင် တိုင်းပြည်ကိုစောင့်ရှောက်မယ့်သူမရှိဘူး ဖြစ်မှာဆိုးလို့ပါ

"ဟုတ်တာပေါ့ မှန်တာပေါ့

Moon ခေါင်းဆောင်က ခေါင်းတငြိမ့်ငြိမ့်နဲ့ထောက်ခံနေလေတယ်

"အဲ့ဆို အစည်းအဝေးစကြတော့မလား

"ကောင်းပြီလေ

"ဒီဘက်ကြွပါ

ဂိုဏ်းအသီးသီးက ကိုယ်စားလှယ်တွေဟာ သူတို့အခြွေအရံတွေမပါတော့ပဲ Moon ခေါင်းဆောင်ခေါ်သွားတဲ့ ရေတံခွန်နောက်ကို လိုက်ဝင်လိုက်ကြတယ် ရေတံခွန်လှိုင်ခေါင်းကျော်တော့ ရေကန်အကျယ်ကြီးပေါ်လာတော့တယ် Moon ခေါင်းဆောင်ကဦးဆောင်ပြီး ရေမျက်နှာပြင်ပေါ်က ဖြတ်ကာ ရေကန်အလယ်မှာရှိတဲ့ ကျောက်စားပွဲကြီးစီ ရောက်သွားလေတယ် ကျန်တဲ့ ဂိုဏ်းကိုယ်စားလှယ်တွေကလည်း ထိုနည်းတူစွာ ကျောက်စားပွဲကိုသွားကြလေတယ်

ပိုင္ဆိုင္ခြင့္(ပိုင်ဆိုင်ခွင့်)Where stories live. Discover now