Unicode
၂ယောက် တစ်ကမ္ဘာ ထူထောင်ဖို့အတွက်ဆို နေဖို့ထိုင်ဖို့ နဲ့စားရေးသောက်ရေးလိုတယ်လေ ဘယ်အရာမှ လွယ်လွယ်မဖြစ်လာနိုင်တာပဲ
လောလောဆယ်တော့ ကမ်းနားမှာ Xiao ငါးမျှားကာ ဝမ်းရေးအရင်ဖြည့်ဖို့လုပ်ရတော့သည် ၂ယောက်သား ညဘက်အထိ ဒီမှာ နေမယ်ပြီးမှ အိမ်ရှာဖို့လုပ်ရမယ်လေ အဲ့ကြောင့် ဗိုက်အရင်ဖြည့်လိုက်တယ် ညနေကပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ထားရတာမို့လို့ ပင်ပန်းစွာပင် ၂ယောက်စလုံးအိပ်ပျော်သွားကြတယ် ထိုအချိန်မှ သူတို့ကိုချောင်းကြည့်နေတဲ့ မိစ္တာတချို့ဟာ သူတို့၂ယောက်ကို အသာအယာလေးမချီကာ တနေကိုခေါ်ဆောင်သွားတော့လေတယ်
.
.
.
တောင်ပေါ်တွင်ကျန်ခဲ့တဲ့ Yamaနဲ့ Gui လည်း ဆရာတွေကိုဆန့်ကျင်ကာ တောင်ပေါ်ကနေဆင်းကြတော့တယ် သာမန်ဘဝမှာ နေလိုနေပြီဖြစ်တာကြောင့် မြို့တော်ထဲကစားသောက်ဆိုင်မှာဝင်လုပ်ကြတော့တယ်-------
Xiao နိုးတော့ ရေသံမကြားတာကြောင့် ထကြည့်လိုက်ချိန် သူဟာ ဂူတဂူထဲရောက်နေပြီး သူ့အရှေ့မှာ အပြာရောင် ရေတွေဟာ တလပ်လပ်လှုပ်ခါနေတယ် ဘေးဘီကြည့်တော့ Qizi မရှိတာကြောင့်
"Qizi!! Qizi!!!!!!
လှိုင်ခေါင်းတခုလုံးသူ့အသံတွေသာပြန်ထွက်လိုက်လာတယ်
*ဘွမ်း
ဆိုတဲ့အသံနဲ့အတူ ရေထဲ ကထွက်လာတဲ့ အရာကြောင့် ကြည့်လိုက်တော့
"Qizi! Qizi ဘယ်လိုလုပ် ရေထဲဆင်းနေတာလည်း
"Xiao နိုးပြီလား ရေအောင်မှာ Xiao အသံကြားလို့ပြန်တက်လာတာ
"Qiziကိုယ့်ကို ဒီနေရာခေါ်လာပေးတာလား
"ဟင့်အင်း သူတို့ခေါ်လာပေးတာ
ကျွန်တော့နောက်က မိစ္တာတချို့ကြောင့် ကျွန်တော်လန့်လို့သွားတယ် မိစ္တာတွေသတ်ဖူးတယ်ဆိုပေမယ့် မိစ္တာတွေကို အခုလို တစုတစည်းထဲတခါမှမတွေ့ဖူးပေ
"ခင်ဗျား ကျွန်တော်တို့ကိုလန့်နေမယ်ဆိုတာသိပါတယ် ဒါပေမယ့်လေ ကျွန်တော်တို့ပြောတာနားထောင်ပေးပါနော်
YOU ARE READING
ပိုင္ဆိုင္ခြင့္(ပိုင်ဆိုင်ခွင့်)
Historical FictionZawgyi ဘုရင်ထက်ရာထူးမြင့်ပြီး အရာရာမှာတော်လွန်းတဲ့ မကောင်းဆိုးဝါး မိစ္တာ တွေကိုရှင်းတဲ့ Blueဂုဏ်း ကကောင်လေး နဲ့ ခရမ်းရောင် မြေခွေးလေးတို့ရဲ့ ကံကြမ္မာက......... ပထမဆုံး မိစ္တာနဲ့ လူအကြောင်းရေးပေးနာမို့လို့ အမှားပါရင် သည်းခံပေးကြပါနော် Unicode ဘုရင်ထက်ရာ...