Extra

6.8K 432 8
                                    

Unicode

ဘုရင့်ရဲ့ ပေးထားတဲ့ အဆောင် ၁ခုထဲအတူအိပ်နေကြတဲ့ အချစ်ငှက်ကလေး၂ကောင်ရဲ့ သာယာမှုကိုဖျက်ဆီးလိုက်တာကတော့...

"သား Qizi

ဟုတ်ပါတယ် ဆရာ၁ပါပဲ Qizi ကသူ့သားမှန်းသိသွားပြီး ၃ ၄ရက်အကြာကစပြီး အခုလို မနက်တိုင်း လာလာဖျက်ဆီးလေ့ရှိပါတယ်

"ဖေဖေ သားလာပြီ!!

အချစ်ငှက်၂ကောင်လည်း အကျီၤတွေ ကောက်ဝတ်ကာ ပြေးထွက်ရတော့တယ်

"ဟဲဟဲ ဖေဖေ မနက်စောစောစီးစီး ဘာဖြစ်လို့လည်းဟင်

"ဟိတ်ကောင် ငါ ငါ့သားစီလာတာ မင်းကိုလျောက်တင်ရဦးမှာလည်း

"ဟာ အဲ့လိုမဟုတ်ပါဘူး

"ဖယ်စမ်း ငါ့သားနဲ့ငါအဖော်ပြုပေးလိုက်မယ် မင်းအလုပ်လုပ်တော့

"ဟုတ်

ဆရာ၁က ကျွန်တော့ကို အမြင်ကြည်ခဲ့ပေမယ့် အခုတော့ ယောက်ခထီးကြီးက သူ့သားနဲ့ ယူထားတဲ့ ကျွန်တော့ကို အမြင်ကြည်ဖို့မပြောနဲ့ ကြည့်လိုတောင်မရဘူးထင်ပါတယ်

"ကလေးကိုအဲ့ဆို အလုပ်သွားလုပ်တော့မယ်နော်

လူသားတွေရဲ့ ပြသာနာတွေ မိစ္တာတွေရဲ့ ပြသာနာတွေကို ဖြေရှင်းပေးနိုင်ရန် လူတချို့နဲ့အတူ နန်းပြင်မှာ ရုံးတော်တခုထူထောင်ပေးထားတာကြောင့် အဲ့ကိုသွားပြီး အလုပ်လုပ်ရပေဦးမယ်

"အင်း မွ ချစ်တယ်နော် ညမှပဲ

မျက်နှာလေးနီကာ မပြီးသေးတဲ့ကိစ္စကို ဆက်ချင်တဲ့စကားဆိုလာတာကြောင့် Xiao တို့ပျော်ရပြီလေ ဘယ်လောက်ပဲမိစ္တာနှိမ်နင်းသူဖြစ်ဖို့ တည်ငြိမ်အောင်ကြိုးစားပါစေ လူသား၁ယောက်ဖြစ်တာကြောင့် သာယာမှုကိုတော့ ငြင်းဆန်ဖို့အင်အားမရှိသေးပါ

"ကလေးသဘော

"အဟမ်း အဟမ်း

အဖေအရှေ့မှာ ဒီစကားတွေပြောနေတယ်ဆိုတာသတိထားစေချင်တာကြောင့် ချောင်းဟန့်ကာ တားလိုက်တယ်

Xiao လည်း ထပ်ကြာကြာနေရင် အသတ်ခံရတော့မှာကြောင့် အမြန်ဆုံးပင်ထွက်လာခဲ့တော့တယ်
•°•°•°•° ပိုင်ဆိုင်ခွင့် •°•°•°•°•°

ပိုင္ဆိုင္ခြင့္(ပိုင်ဆိုင်ခွင့်)Where stories live. Discover now