Chapter (8)

5.5K 447 6
                                    

Unicode

*ဒုန်

"တကယ်လည်းငါထင်ထားတဲ့အတိုင်းပဲကို

"ဆ ဆရာ ၁

"ငါ့တပည့်ကို ညှို့ထားတဲ့ မိစ္တာသေစမ်း

ငွေဓားနဲ့ Qiziကို ထိုးမယ်လုပ်တာကြောင့် Qiziရှေ့ကာနေကွယ်ကာ

"ဆရာ! Qiziက တခြားမိစ္တာတွေလိုမဟုတ်ပါဘူး

"သူက မိစ္တာမဟုတ်လို့ဘာလည်း

"သူက သူက

"မကောင်းဆိုးဝါးပေါ့

ပြောရင်း ရွှေကြိုးတွေနဲ့ တိုက်ခိုက်တော့တယ် ကြိုးတွေကို တားဖို့လုပ်တဲ့ Xiao ကို ကျန်တဲ့ဆရာတွေက ဝိုင်းချုပ်ကာ

"ဝင်မပါနဲ့ Xiao

ဆရာ၁နဲ့ အပြင်းအထန်တိုက်နေတဲ့ Qiziကြောင့် Xiao ဝမ်းနည်းလာမိတယ် သူကမခေါ်လာရင် သူသာ ရှာမတွေ့ခဲ့ရင် သူသာ မေတ္တာသက်မဝင်ခဲ့မိရင် Qizi ဒီလိုဖြစ်မှာမဟုတ်ဘူးလို့ပေါ့ တဖြေးဖြေးနဲ့ Qizi က အင်အားနည်းလာတော့တယ် နောက်တော့ Xiao ကိုလှမ်းကြည့်ကာ

"ကျွန်တော့ကိုယုံလား Xiao!!!!

အကျယ်ကြီးအော်ပြောလိုက်တဲ့ Qiziကိုပြုံးကာ

"ယုံတယ် Qizi!!!!

တချိုထဲမှာပဲ အလင်းရောင်၁ခုဟာ ပြုံးနေတဲ့ Qizi စီကထွက်ပေါ်လာတာကြောင့် အားလုံးမျက်လုံးမှိတ်မိသွားကြတယ် ခဏကြလို့ပြန်ဖွင့်တော့ ကောင်လေး၂ယောက်လုံးမရှိတော့ပေ

.
.
.

ဆရာ၁ လက်ထဲကလွတ်လာတာနဲ့ Xiao ကို လက်ကဆွဲကာ တောင်အောက်က ရေကန်စီပြေးတော့တယ် ရေကန်နားရောက်တော့

"Xiao

"ဟင်

"ခဏအိပ်လိုက်ပါဦး

"မင်းဘာပြော……

စကားသံပင်မဆုံးသေးဘူး ရုတ်တရက်အိပ်ပျော်သွားသော Xiao ကို လေနဲ့ပင့်ကာ မြေကြီးနဲ့ မထိအောင်ထားပြီး

"ကျွန်တော့ကို ယုံပေးတာကျေးဇူးပါ

ထိုရေကန်ထဲကို ဆင်းလိုက်ကာ Xiao ကိုပါလေပါတဲ့ အိတ်လေးနဲ့ ရေအောက်ထဲကို ခေါ်ဆောင်သွားတယ် ရေကန်ကကြည့်တော့သာ တိမ်တယ်ထင်ရပေမယ့် တကယ်တော့ နက်လွန်းလေတယ် ရေ အနက်တနေရာရောက်တော့ ကျောက်တုန်းတချို့ကို တွန်းလိုက်တဲ့အခါ အဖြူရောင်အလင်းတန်းကြီးပေါ်လာပြီးထိုအထဲကို Xiao နဲ့အတူ ဝင်သွားခဲ့တော့တယ်

ပိုင္ဆိုင္ခြင့္(ပိုင်ဆိုင်ခွင့်)Where stories live. Discover now