Unicode
Xiao ဆရာတွေရှိတဲ့တောင်ကနေ အပြန်ထွက်လာကာ နန်ဘုံကျောင်းကိုရောက်လာခဲ့တယ်
နန်ဘုံကျောင်းဟာ ဘုံခုနှစ်ဆင့်ကို ကိုယ်စားပြုကာ အနီရောင်ဆေးနဲ့ ဆောက်ထားတဲ့ ဘုံကျောင်းတခုဖြစ်တယ်

(Fictionဖြစ်တာကြောင့် တကယ်မရှိပါဘူးနော် နီးစပ်ရာပုံဖော်ပြသားထားခြင်းဖြစ်ပါတယ်)
အောက်ထပ်မှာ တံခါးရှိပေမယ့် ထိပ်ကနေသာဝင်လို့ရအောင်ဆောက်လုပ်ထားတဲ့ ထူးခြားတဲ့ ဘူံကျောင်းပါ
Xiao လည်း အပေါ်ကို တဆင့်စီ ခုန်တက်ကာ နောက်ဆုံး ထိပ်ရောက်တော့ တံခါးကို မန္နာတချို့ရွတ်ပြီး ဖောက်ဝင်သွားတော့တယ် အထဲမှာ အရာအားလုံးကမှောင်နေသလို ဓာတ်ပုံဘောင်တွေ အိုးတွေနဲ့ပြည့်လိုက်နေတယ် အောက်ဖက်ကို လှေကားနဲ့ဆင်းလေ Soul တွေရဲ့အသံတွေ ဖမ်းခံထားရတဲ့ မိစ္တာသံတွေဟာ ပိုထင်ရှားလာခဲ့တယ် မြေညီထပ် ရောက်တော့ အဖြူငွေ့တန်းတွေကိုပါမြင်လာရတယ်
"(ဒီအောက်ဆုံးက စွမ်းအားအကြီးဆုံးတွေ သိမ်းထားရာထင်တယ်)
"ကောင်လေး မင်းအသားကချိုမယ့်ပုံပဲ
"ငါသူ့ကိုစတွေ့တာနော် သူကအရသာရှိမှာသေချာတယ်
စတဲ့ မိစ္တာတွေစကားကိုကြားနေရချိန်
"သူ့ကိုဘယ်သူမှမထိရဘူး!!
ဆိုတဲ့ ဟိန်းသံထွက်လာတော့ ဘေးက အဖြူရောင် မိစ္တာတွေဟာလည်း ထွက်ပြေးပျောက်ကွယ်ကြတော့တယ်
"Qiziလား
"Xiao ဘာလို့ဒီကိုလာတာလည်း ဒီလောက် အန္တရာယ်များတာကို
Xiao ရဲ့ အနောက်ဘက်ကနေ ပခုံးကိုကိုင်ကာပြောတဲ့ Qixiကြောင့် လှည့်ကြည့်ချင်ပေမယ့်
"ဟင့်အင်းမလှည့်ကြည့်နဲ့ Xiao စိတ်ပျက်သွားမှာ မလိုလားဘူး
"ဘာလို့လည်း
"ကျွန်တော်ကြံ့ခိုင်နေပါပြီ Xiao လာမခေါ်လည်းရပါပြီ
"ကိုယ် မင်းမျက်နှာကိုကြည့်ခွင့်ပေးပါ Qizi
"ကျွန်တော့ကို မလန့်ဘူးဆိုကြည့်ပါ
လက်ကျသွားတာနဲ့ Xiao လှည့်ကြည့်လိုက်တော့ အရင်ကချောမောလှပတဲ့မျက်နှာလေးမှာ ဒဏ်ရာတွေနဲ့ဖြစ်လို့နေတယ် အကျီၤ အနားစတွေကလည်း မီးလောင်ထားသလိုဖြစ်နေတယ် အမှီး တွေမှာလည်း ၁ချောင်းကကျိုးလို့တောင်နေပြီ
YOU ARE READING
ပိုင္ဆိုင္ခြင့္(ပိုင်ဆိုင်ခွင့်)
Historical FictionZawgyi ဘုရင်ထက်ရာထူးမြင့်ပြီး အရာရာမှာတော်လွန်းတဲ့ မကောင်းဆိုးဝါး မိစ္တာ တွေကိုရှင်းတဲ့ Blueဂုဏ်း ကကောင်လေး နဲ့ ခရမ်းရောင် မြေခွေးလေးတို့ရဲ့ ကံကြမ္မာက......... ပထမဆုံး မိစ္တာနဲ့ လူအကြောင်းရေးပေးနာမို့လို့ အမှားပါရင် သည်းခံပေးကြပါနော် Unicode ဘုရင်ထက်ရာ...