Chapter (11)

5.5K 414 6
                                    

Unicode

Qizi နဲ့ အဆင်ပြေတဲ့နောက်ပိုင်း စိတ်ထဲမှာဘာမှထည့်မထားတော့ဘူး လောကကြီးမှာ မလုပ်ဖူးတာတွေတောင်လုပ်တက်လာခဲ့တယ် ငယ်ငယ်ထဲက ဆရာတွေရဲ့ ဆုံးမမှုလက်အောက်မှာ နေထိုင်ခဲ့ရတာကြောင့် ဘဝတလျောက်လုံးဟာ ရုပ်သေးရုပ်တခုလို ကြိုးဆွဲရာကခဲ့ရတယ်

အခု တော့ လွတ်လပ်မှုတွေ ပျော်ပါးမှုတွေဟာ Qizi ကြောင့်ရလာခဲ့ပြီ

"Xiao

"ဟင်

"စိတ်မလှုပ်ရှားဘူးလား

"ဘာအတွက်လည်း

"မနက်ဖြန်ဆို ကျွန်တော်တို့ မင်္ဂလာအရာမြောက်ပြီလေ

"စိတ်မလှုပ်ရှာဘူး ပျော်တာ ကို့ဘဝရဲ့ ပျော်ရွှက်မှုကို ကိုအခုမှရှာတွေ့ခဲ့တာ

"ကျွန်တော်လေ သိပ်ကံကောင်းတယ်ထင်တယ် Xiao လို တော်တဲ့လူ မိစ္တာတွေကြောက်ရတဲ့သူနဲ့ရတယ်ဆိုတော့

"ကိုဆုံးဖြတ်ထားတယ် မင်းလေးနဲ့ လက်ထပ်ပြီး တာနဲ့ ကိုယ် မိစ္တာတွေကို မသတ်တော့ဘူးလို့

"ဘာလို့လည်း

"မိစ္တာဆိုတာလည်း သက်ရှိပဲလေ သူတို့မှာ လောဘတွေ ဒေါသတွေသာ လူသားတွေထက် မပိုရင် သူတို့က လူတွေပဲ သူတို့ရဲ့ လိုချင်တပ်မက်စိတ်က ပိုပြီးကြီးထွားနေလို့သာ မိစ္တာဖြစ်နေတာ

"ဟာ ကျွန်တော်တကယ်လူရွေးတော်တာပဲ အခုလို ပညာရှိကို ယောကျ်ားတော်ရတယ်လို့

"ကလေးလာနောက်နေတာလား

"စတာပါ ကျွန်တော်ကတော့လေ မနက်ဖြန်ကြီးကိုရောက်စေချင်ပြီ

"ကိုကောပဲ

ညဘက်မှန်းသိသာစေတဲ့ အမှောင်ထဲမှာ အစိတ်ရောင် ပိုးကောင်လေးတွေဟာ တောင်ကုန်းပေါ်မှာ ပျံသန်းလို့နေကြသလို ထိုတောင်ကုန်းပေါ်မှာကောင်လေး၂ယောက်ကလည်း ဘာမှမရှိတဲ့ ကောင်းကင် အမဲကြီးကိုကြည့်ကာ နောက်တနေ့အတွက် ရင်ခုန်လို့နေကြလေတယ်

*ဖောင်း ဖောင်းဖောင်း

ဒီနေ့ဟာ မိစ္တာလောကကိုကော လူသားတွေကိုပါ တုန်လှုပ်စေတဲ့ နေ့ပေါ့ ပထမကတော့ တိတ် တဆိတ် လက်ထပ်မယ်ဆိုပေမယ့် Qiziက လူသားတွေကို သိစေချင်တယ်ဆိုတဲ့စိတ်နဲ့ သာမန်လူ့လာကကိုလာကာ လုပ်ဖြစ်ခဲ့ကြတယ် အလှပဆုံးရေကန်နားမှာ မိစ္တာတွေဟာရောက်လို့နေပြီ လူသားတွေကတော့ လာရောက်ချင်းမရှိကြဘူး ကွင်းပြင်ရဲ့ထိပ်မှာ Xiao က အနီရောင်ဝတ်စုံလေးနဲ့ Qizi ကိုစောင့်ကြိုလု့ိနေတယ် Qizi ဟာ မိန်းကလေးမဟုတ်တာကြောင့် အကူတွေဘာတွေမလိုပဲ တယောက်ထဲ လျောက်လာကာ Xiaoလက်ကိုကိုင်လိုက်တယ်

ပိုင္ဆိုင္ခြင့္(ပိုင်ဆိုင်ခွင့်)Où les histoires vivent. Découvrez maintenant