• 19 •

4.7K 445 18
                                    

"ရရဲ့လား Unnie"

"အင်း ရတယ် ငါအဆင်ပြေတယ်။ လက်မှတ်ထိုးရမယ့် စာရွက်တွေပေးလေ"

Taeyeon လက်လှမ်းကာ တောင်းတော့ irene က လက်ထဲက စာရွက်အပုံလိုက်ကြီးကိုချပေးသည်။

"များတော့များတယ် တစ်ပတ်ကျော်စာဆိုပေမယ့်"

"ရပါတယ် ငါလုပ်ပေးမယ် နင် နေ့လည်စာသွားစားတော့လေ"

Taeyeon ပြောလိုက်တော့ irene က တစ်ခုခုကို ပြောပြချင်နေဟန်နဲ့ မတ်တပ်ရပ်နေသည်။ ဘာလဲ ပြော ဆိုတဲ့ ပုံစံမျိုးနဲ့ သူ့ကိုမော့ကြည့်နေလိုက်တော့ စကားစလာတယ်။

"Seulgi လာမှာ Unnie ဟိုလေ...ညီမနဲ့ သူ...

"တွဲနေကြပြီပေါ့"

Taeyeon မေးလိုက်တော့ ရှက်သွားတဲ့ irene က မျက်နှာလွှဲပြီး ပြတင်းပေါက်ဘက်ကိုငေးသည်။

"ဂုဏ်ပြုပေးရမှာပေါ့ သူကနင့်ကိုတကယ်သဘောကျရှာတာ ငါ့အိမ်ကိုလာလာပြီး နင့်ကိုပိုးရတာအမောလေ haha"

ရယ်သွေးသမ်းကာ ပြောလိုက်တော့မှ စိတ်ချသွားဟန်နဲ့ Irene ကပါ လိုက်ရယ်သည်။

"ဟုတ်တယ် ညီမလဲ သဘောကျနေတာနဲ့ တွဲဖြစ်သွားတယ်"

Taeyeon ခေါင်းကို ငြိမ့်ပြပြီး ပြုံးနေလိုက်တယ်။

"ဒါပေါ့ ဒါပေါ့ သဘောကျရင် သေချာပေါက်တွဲကြရမှာပေါ့ သူရောကိုယ်ရော အချစ်နွံထဲအတူတူနစ်ရင်း အင်း သေချောပေါက် ပျော်ရွှင်ကြရမယ်နော်"

လက်ညှိုးလေးထိုးကာ ပြောလိုက်တဲ့ သူမကြောင့် Irene ပြုံးနေတာ မရပ်တန့်တော့...အချစ်ဟာ ဒီလိုပါပဲ...

"unnie ရော... Tiffany နဲ့..

"အင်း လက်ထပ်လိုက်ကြပြီ မနေ့ညနေက"

"Nae!!!!!!?"

အလွန်ကို အံ့သြသွားတဲ့ ယုန်ကလေးဟာ ဆွေ့ခနဲပဲ အနားကိုရောက်ချလာတယ်။

"တကယ်ကြီးလား ဘာလို့ဘာမှမပြောရတာလဲ တကယ်ပါပဲ Unnie ကတော့"

ဆူနေသလိုပုံနဲ့ ပြောလာတဲ့ သူ့ကိုကြည့်ရင်း Taeyeon ပြုံးပဲ ပြုံးနေလိုက်မိတယ်။ 

"အဆင်ပြေပြီပေါ့ဒါဆို? လက်ထပ်တယ်ဆိုတာ...ဝါး...တကယ်ပါပဲ မိုက်တယ်"

- Time Lapse by Smeraldo -Where stories live. Discover now