ကုတင်ခေါင်းရင်းဘေး မှန်တင်ခုံပေါ်က ပန်းတွေကို Taeyeon ထိုင်ကြည့်နေမိတယ်။
အရူးလို ၊ အမှိုက်ပုံးထဲက ပြန်လည်ယူထားတဲ့ Smeraldo တွေ...
Coffee ဆိုင်ထဲက လှမ်းမြင်လိုက်ရတဲ့ ကားထဲကပုံရိပ်တစ်ခုက အမည်တပ်မရတဲ့ ခံစားချက်တွေကိုပေးတယ်။ ခံနိုင်ရည်မရှိစွာ ထုံးစံအတိုင်း ရှောင်ပြေးခဲ့ရတာပဲ...
ပန်းတွေ...Madam... Kim...
ပုံရိပ်တွေက အမြဲလိုလို တိုးဝင်လာပြီး နှိပ်စက်တယ်။ လိုလိုချင်ချင် တွေးယူနေလို့ ဝင်လာတာများလား? ဘယ်အရာမဆို ရေလိုပဲ...ကိုယ်က လက်ခုပ်ခံမှ ကိုယ့်လက်ထဲ ဝင်တာ မဟုတ်ပါလား?
ချစ်တယ် Kim...
ချစ်တယ် Fany...
တစ်ယောက်ကိုတစ်ယောက် ကျောခိုင်းပြေးပြီးတဲ့နောက် အချစ်က ဘယ်နေရာမှာမှ သုံးစားမရတော့ဘူး...
ရုတ်တရက် ဦးနှောက်က တစ်ခုခုကို သတိရသွားတယ် ဖုန်းကို လှမ်းယူပြီး Instagram ထဲကို ဝင်လိုက်တယ်။ ရင်းနှီးနေတဲ့ acc လေး တစ်ခု သို့မဟုတ် မကြည့်တာကြာပြီဖြစ်တဲ့ acc လေးတစ်ခုထဲ မဝံ့မရဲ ဝင်လိုက်တယ်။ ကျေးဇူးပြုပြီး Private မလုပ်ထားပါစေနဲ့....
acc ထဲ ရောက်ရောက်ချင်း ကလေးလေးတစ်ယောက်ပုံကဆီးကြိုနေတယ်။ ကလေးလေးရဲ့ လက်သေးသေးလေးကို အမျိုးသမီးတစ်ဦးက ကိုင်ထားပြီး ပုံထဲမှာတော့ အမျိုးသမီးက
လက်ချောင်းတွေပဲ ပါတယ်....Taeyeon သိပ်မှတ်မိတာပေါ့။ အကြိမ်ကြိမ် ကိုယ့်ပါးပြင်တွေပေါ် အုပ်မိုးခဲ့တဲ့အဲ့ ခပ်လှလှ လက်ချောင်းတွေကို။
တဖြည်းဖြည်းနဲ့ ပုံတွေကို အပေါ်ကိုဆွဲတင်ပြီး ကြည့်နေမိတယ်...ပုံတွေ ခဏခဏတင်တတ်တဲ့အကျင့်က အခုထိ မပျောက်သေးဘူးပဲ။
တစ်နေရာအရောက် လက်က တုံ့ခနဲရပ်သွားတယ်။ Caption က Happy Birthday Joohyuk တဲ့။ ခပ်ချောချော ယောက်ျားတစ်ယောက် စာအုပ်ဖတ်နေတဲ့ပုံ။ view အရ...ခြံဝင်းထဲမှာပဲ ရိုက်ထားတဲ့ပုံ။
"Madam ဒီကိုကြည့်..."
"စာအုပ်ကောင်းကောင်းဖတ်ပါရစေ Taeyeon ရဲ့"
VOCÊ ESTÁ LENDO
- Time Lapse by Smeraldo -
Ficção Geralမပြောဖြစ်ခဲ့တဲ့ အမှန်တရားလား? သိပ်မရှိဘူး Smeraldo ~ ငါ့ထပ်ငါပိုပြီး နင့်ကို ချစ်ခဲ့ရုံလေးပါ 🍃 ဥယျာဉ်မှူးက Madam မှ မဟုတ်ရင် ကျွန်မတော့ ကြွေကျသေဆုံးခဲ့မိမှာ