"ဒါဆို လာမယ့် အစည်းအဝေးမှာ အန်တီ့ကို ဖြုတ်ချဖို့ Joohyuk က သဘောတူတယ်ပေါ့"
သားလေးကို ပေါင်ပေါ်တင်ပြီး စာအုပ်ဖတ်နေတဲ့ Joohyuk ကို ကြည့်ရင်း Tiffany မေးလိုက်တယ်။ အရဲစွန့်ရာရောက်ပေမယ့် သားတစ်ယောက်အနေနဲ့ သူ့အမေအရင်းရဲ့ ပျက်စီးရာပျက်စီးကြောင်းကို Tiffany လမ်းစဖွင့်ပေးမိသည်။ မတတ်နိုင်။ အစ်မအတွက် သူမ ဘာမဆို လုပ်မည်ဖြစ်သည်။
"အင်း ဖြုတ်ချမယ်ဆိုတာထပ် အနားယူဖို့အရင်လမ်းစပေးကြမယ် ဒါမှ မရရင်ပေါ့..မရတဲ့အဆုံး....
သားဖြစ်သူမျက်နှာကို တမေ့တမော ငုံ့ငေးကြည့်ရင်း Joohyuk က လမ်းပျောက်နေသူတစ်ယောက်နှယ်...
"ကျွန်မ တောင်းပန်ပါတယ် Joohyuk စိတ်ထဲကို အမုန်းတရားတွေသွင်းပေးသလိုဖြစ်နေတာမို့"
"အဲ့လို မတွေးရဘူးလေ Tiff ရဲ့ ကိုယ့်အမေဘယ်လောက်မင်း အစ်မအပေါ်ကို မတရားခဲ့သလဲဆိုတာ ပြီးတော့အခု ကိုယ့်သားလေးအထိ အမေ့ရဲ့အတ္တတွေ ဆူးမှာကိုကိုယ်ကြောက်တယ်။ ချစ်တဲ့သူက သေခွဲခွဲပြီး အခု ကိုယ်တို့ရဲ့သွေးသားအထိပါ ရှင်ခွဲခွဲရမှာကို မလိုလားဘူး ကိုယ့်ကိုအားမနာနဲ့...ပြီးတော့..."
Joohyuk က ပြောသင့် မပြောသင့် စဉ်းစားနေပုံရသည်။ ပြီးနောက် ပြောဖို့လဲ အတော်ခက်ခဲနေပုံ။
"ကိုယ်က အမေ့သားအရင်းမဟုတ်ဘူး"
ထိုင်နေရာက ဝုန်းခနဲ ထရပ်မိသွားသည်။ Tiffany ခေါင်းထဲ မိုက်ခနဲ...ဒီလို လျို့ဝှက်ချက်ကြီးကဘယ်လိုလုပ်....
"ဘယ်လိုဖြစ်လို့ ဒီထိ ဖုံးထားရတာလဲ ကျွန်မကို သေချာရှင်းပြပါဦး ကျွန်မလုပ်ခဲ့တာတွေ...အဟားး...ရှင်မသိဘူးနော်...ကျွန်မဘာတွေပေးဆပ်ပြီး ဘယ်လိုတွေထိ ရင်ကွဲခံနေရလဲဆိုတာ ရှင်မသိဘူး"
Jooyoung က ဗြုန်းခနဲ မျက်ရည်တွေဝဲလာတဲ့ Tiffany ကို အထူးအဆန်းငေးကြည့်လာသည်။ ကလေးကို အိမ်တော်ထိန်းကြီးအားခေါ်စေသည်။ ဒီကိစ္စအား ဒီည အလုံးစုံရှင်းချင်တာမို့ Joohyuk ထံမှရသမျှစကား အကုန်မေးရမည်။
"ကိုယ့်...အဖေရဲ့ နောက်အိမ်ထောင်...သူကိုယ်တိုင်ကကိုယ့်ကို သံယောဇဉ်ရှိလွန်းလို့ ဒီလို..ကိုယ်နဲ့ပတ်သတ်တဲ့သူတွေကို ဒုက္ခပေးတဲ့ထိ...တောင်းပန်ပါတယ်။ ကိုယ်တကယ် မင်းကိုရော Ella ကိုရော ၊ အခု...Taeyeon ကိုပါ...
![](https://img.wattpad.com/cover/173472938-288-k104148.jpg)
VOCÊ ESTÁ LENDO
- Time Lapse by Smeraldo -
Ficção Geralမပြောဖြစ်ခဲ့တဲ့ အမှန်တရားလား? သိပ်မရှိဘူး Smeraldo ~ ငါ့ထပ်ငါပိုပြီး နင့်ကို ချစ်ခဲ့ရုံလေးပါ 🍃 ဥယျာဉ်မှူးက Madam မှ မဟုတ်ရင် ကျွန်မတော့ ကြွေကျသေဆုံးခဲ့မိမှာ