• 18 •

4.4K 434 29
                                    

"အဲ့လိုမဟုတ်ဘူးလေ ခဲကိုအသာလေးကိုင်ထား"

"ဘယ်လိုလဲ.. အသာလေးကိုင်တာပဲလေငါလဲ"

"ခင်များကိုင်ထားတာ ဖိရေးနေသလိုပဲ ကြည့် ဒီလို"

ဗြုန်းခနဲ လက်ကိုဆွဲပြီး လက်ဖမိုးပေါ်မှအုပ်ကိုင်ကာ ဆွဲပြတဲ့ Seulgi ကြောင့် Irene လန့်သွားသည်။ ပုံဆွဲသင်ပေးမယ်ဆိုပြီး coffee ဆိုင်မှာ ထိုင်ဆွဲနေကြတာ နေ့တစ်ဝက်ကျိုးခါနီးပြီဖြစ်သည်။ ဘေးချင်းကပ်ထိုင်ရင်း သူ့ဘယ်ဘက်လက်မောင်းက မိမိပုခုံးပေါ်ရောက်နေပြီး ညာဘက်လက်ကတော့ ကိုယ့်လက်ဖမိုးပေါ်မှာ။

သူကတော့ ဘာအရုပ်မှန်းမသိတဲ့ ပုံတစ်ခုကို Irene ကို သင်ပေးသလိုနှင့် သူကိုယ်တိုင်စိတ်ပါဝင်စားစွာ မျက်မှောင်လေးကြုံ့ပြီး ဆွဲနေလေပြီ...ဘေးနားကို အသာလေး မျက်လုံးစွေကြည့်တော့
နီးကပ်နေတဲ့ မျက်နှာလေးက ချက်ချင်းပြုစားတယ်။ ဆံပင်တွေကို စုထုံးထားလို့ ပေါ်နေတဲ့ နားရွက်ကလေးရယ်..မျက်ခမ်းအောက်နားနဲ့ မျက်ရစ်မရှိတဲ့နေရာက မှဲ့ကလေးရယ်၊ နှုတ်ခမ်းနီနီရဲရဲလေးတွေရယ်က ရင်ထဲကို တဖြတ်ဖြတ်နဲ့ ဝင်ရောက်စီးဆင်းသည်။ လှလိုက်တာ....

"ငါ့ကိုငေးနေရတာ ကြိုက်လို့လား"

"မ...မငေးပါဘူး ငေးစရာလား ငါပုံကိုကြည့်နေတာ"

သူက စာအုပ်ကနေ အကြည့်မခွာ ၊ ပုံကိုဆက်ဆွဲနေကြောင်း မိမိလက်က လှုပ်ရှားမှုတွေကြောင့် Irene သိသည်။ အထစ်ထစ် အငေါ့ငေါ့ ငြင်းလိုက်ပေမယ့် မျက်လုံးတွေကသူ့မျက်နှာဆီမှာပဲရှိနေသေးသည်။

"ငေးပါ...ငါပျော်လို့ ~ ကဲ...ပြီးပြီ"

ပုခုံးပေါ်ကလက်ကိုရော လက်ဖမိုးပေါ်က လက်ကိုပါ ရုတ်ပြီး သူက စာအုပ်ကို ဆွဲယူကာ Irene ကိုပြသည်။ ဟာသွားတဲ့ ရင်ဘတ်ထဲ နှလုံးသားက အခုန်မြန်နေသေးသည်။ စာအုပ်ကို သူမ ကြည့်လိုက်တော့ ချစ်စရာပုံလေးက အခန့်သားနေရာယူထားလေတယ်...

"ယုန်လေး...ချစ်စရာလေးပဲ နင်အရမ်းတော်တာပဲ"

Irene ခပ်စစ ပြုံးကာ သူ့ကိုကြည့်ပြီးပြောလိုက်တော့

"အဲ့ဒါ ခင်များပေါ့ ချစ်စရာလေးလေ ငါတော်တာက ငါသိပြီးသား
ခင်များသာ ဘာမှမဆွဲတတ်တာ"

- Time Lapse by Smeraldo -Donde viven las historias. Descúbrelo ahora