• 6 •

3.9K 446 45
                                    

"မနေ့က Kim Group ကို သွားခဲ့တာ အဆင်ပြေရဲ့လား "

မနက်စာအတူတူစားနေရင်း Joohyuk က မေးတယ်။ Tiffany ခေါင်းကိုပဲ ငြိမ့်ပြလိုက်တယ်။ ဒီနေ့ Joohyuk ရဲ့ အမေ (တစ်နည်းအားဖြင့်) Tiffany ရဲ့ ယောက္ခမ က မနက်စာအတူမစားနိုင်။ မနေ့တည်းက Spain ကို ခရီးလွန်နေတယ်ဆိုတဲ့ သတင်းပဲလှမ်းပေးပြီး ဘာမှထပ်မသိရ။

ဒါကြောင့်လဲ Joohyuk နှုတ်ခမ်းက Kim group ဆိုတာကို ပြောထွက်လာနိုင်တာ။ Joohyuk ရော သူမရော Nam group ထဲမှာ
ရာထူးအကြီးဆုံးလို့ လူတွေမြင်ကြပေမယ့် တကယ်တမ်း သြဇာဟာ Joohyunk အမေဆီမှာပဲ...Mrs. Nam က ဩဇာကြီးသလောက် အတ္တလဲကြီးတယ်။ ဒါပေါ့... Tiffany သူ့ကိုသေချာပေါက်ကို မုန်းတယ်။

"ဒီနေ့လုပ်မယ့် ဒါရိုက်တာအစည်းအဝေးကို Joohyuk ပဲ သွားလိုက်ပါ...ကျွန်မ နေသိပ်မကောင်းလို့"

Tiffany ပြောလိုက်တော့ ခက်ရင်းကိုင်ထားတဲ့ Joohyuk လက်တွေက ရပ်တန့်သွားတယ်။ ခက်ရင်းကို ပန်းကန်ဘေးမှာ အသာချပြီး Tiffany ကို သေချာငေးနေတယ်။ သိပါတယ် အကြောင်းအရင်းကို သူမေးချင်နေတာ....

"ခေါင်းကိုက်တာပါ မနေ့က ရာသီဥတုပူတာရယ် စိတ်နည်းနည်းရှုပ်တာရယ် ပေါင်းပြီး အခုမှဖြစ်တာထင်တယ်

အဲ့လိုပြောလိုက်မှ Joohyuk က မနက်စာကို ဆက်စားတော့တယ်။ Tiffany သူ မမြင်အောင် ပြုံးလိုက်မိတယ်။ တကယ်တော့ Joohyuk က သနားစရာပဲ။ သူ့ထပ်ပိုပြီး Tiffany က သနားစရာကောင်းတယ်။

"ဒါဆို ကိုယ် Company ကို သွားတော့မယ်။ သားလေးကို ကိုယ်ပဲ လိုက်ပို့ပေးလိုက်မယ် ကျောင်းကို"

"အင်း သေချာဂရုစိုက်သွားကြ...Joo Youngna..အာပါးနဲ့ လိမ်လိမ်မာမာလိုက်သွားနော်။ Mommy က နေမကောင်းလို့ သားသားကို ကျောင်းလိုက်ပို့ပေးလို့မရတော့ဘူး"

စားပွဲအစွန်မှာ အိပ်ငိုက်နေတဲ့ သူ့ရဲ့ အသည်းညှာလေးကို Tiffany သေချာ မှာတမ်းခြွေသည်။ Joo Young က သူမရဲ့ ဝတ္တရားဖြစ်သည်။

"Mommy လဲ ဂရုစိုက်ပြီးနေခဲ့ပါ။ Joo Young ကျောင်းက မုန့်ဝယ်လာခဲ့မယ်နော် သွားမယ်..Daddy..Ahh..အာပါး"

သူ့အဖေလက်ကို ဆွဲပြီး ပြောနေတဲ့ Joo Young က တကယ်ကို ချစ်စရာကောင်းတယ်။ ကလေးဆိုပေမယ့် အရိပ်သုံးပါးနားလည်သူဖြစ်သည်။ သုံးနှစ်ပဲရှိသေးတဲ့ Joo Young ကို အကဲပိုလွန်းတဲ့ Joohyuk က ကျောင်းစထားနေပြီဖြစ်တာမို့ Tiffany မှာ အလုပ်မသွားခင် ကျောင်းဝင်ပို့ပေးရတဲ့တာဝန်ပါတိုးတယ်။ ဒီနေ့ကတော့ မဖြစ်။

- Time Lapse by Smeraldo -حيث تعيش القصص. اكتشف الآن