• 2 •

5.2K 449 28
                                    

📖 Day 10

ငါသူ့လက်လေးကိုင်ဖို့ကိုတောင် တွန့်ဆုတ်နေခဲ့တာ သိပ်ရယ်ရတာပဲ...သူက ငါ့ကိုအရင် ပွေ့ဖက်ပေးတယ်။ ငါ့ဘဝက သူနဲ့မှပဲ ပျော်စရာတွေကို ရတော့တယ်။

ခပ်ရူးရူး ခပ်အအ လူတစ်ယောက်ဟာ ထိုကဲ့သို့ ထိုအချိန်မှာ အရူးလိုပဲ ပျော်နေခဲ့တယ်။ တကယ်တော့ ထိုအမျိုးသမီးက သူ့ပျော်ရွှင်မှုတွေကို တဖြည်းဖြည်းဝါးမြိုနေမှန်း သူမသိခဲ့ဘူး။

"အပြင်မှာ ထပ်ဆုံကြရအောင်"

Screen ပေါ်ကို ရောက်လာတဲ့ စာလေးတစ်စောင်ကိုဖတ်ရင်း Taeyeon အပျော်လွန်သွားခဲ့တယ်။ လေဆိပ်မှာတည်းက သူ့မျက်နှာကို ငေးလို့မဝခဲ့တာ။ သူ့ဘက်က ထပ်ပြီး တွေ့ဖို့ အရင်ပြောလာတော့ ရင်ဘတ်ထဲ အဆမတန်ခုန်နေခဲ့တယ်။

"ဟုတ်ကဲ့...အဲ့ဘက်က အားတဲ့ရက်ကို ကျွန်မကို စာပို့ထားပါ"

ထိုစာကို ပြန်ပို့နေတုန်းကဆို Taeyeon ဟာ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက် ရည်းစားစကားပြောနေရသလို ခံစားခဲ့ရဖူးသည်။

"အဲ့ဘက်ကတဲ့လား...kkk..."

သူ့ဘက်ကစာကိုမြင်တော့ Taeyeon ကိုယ့်လက်တွေကို ပြန်လည် ပွတ်သပ်နေမိတယ်။ သူမဘာပြန်ပြောရမှန်းမသိခဲ့။

"နာမည် မသိသေးလို့လေ...အဲ့ဒါကြောင့်..ဟို...ပြီးတော့ လေဆိပ်မှာ ကျွန်မကို အားပေးနှစ်သိမ့်ပေးလို့ထပ်ပြီး ကျေးဇူးတင်ပါတယ်"

15mins ကြာသည်အထိ စာပြန်မလာ။ နာရီကို လှမ်းကြည့်တော့ ည 11နာရီ 10 မိနစ်ရှိပြီ။ ထိုအမျိုးသမီး အိပ်ပျော်သွားတာများလားဟု သူမ အားနာစွာ သို့မဟုတ် စိတ်အလိုမကျစွာ တွေးနေမိခဲ့သည်။ သူ့ဆီကပြန်စာကိုစောင့်ရင်း နာရီကို စက္ကန့်တွေကအစ လိုက်ပြီးရေတွက်နေမိခဲ့တယ်။ တစ်မိနစ်အတိကြာတော့ mail တစ်စောင်ဟာ screen က တစ်ဆင့် Taeyeon အရှိုက်တည့်တည့်ကိုဝင်လာခဲ့တယ်။

"ငါ့ရဲ့ 11:11 wish တိုင်းက မင်းဖြစ်လာမယ်ထင်တယ်။ ထပ်ဆုံရဖို့ကို ငါစိတ်လှုပ်ရှားနေတယ်...နာမည်အရင် မိတ်ဆက်ကြတာပေါ့...ငါ့နာမည်....

- Time Lapse by Smeraldo -Donde viven las historias. Descúbrelo ahora