Love
အချစ်ဆိုတာ သူဆွဲနေတဲ့ ပန်းချီကားတစ်ချက်လိုပဲ
အရောင်မှားခြယ်မိတာနဲ့ အားလုံး အသစ်ပြန်ဆွဲရတယ်
ဒါဆို သူ့ အချစ်တွေကရော သူမဘဝပန်းချီကားရဲ့ မလိုအပ်တဲ့အရောင်တစ်ခုပဲလား
တစ်ကယ်တော့ အချစ်ကမှန်ပေမယ့်
သူ့အတွေးတွေမှားနေခဲ့တာ
အစက ပြန်ချစ်ကြည့်ပါ Lisa
______________________
မြင်မြင်သမျှ ကွင်းပြင်စိမ်းစိမ်းတွေ၊ လမ်းဘေးတစ်လျှောက် သစ်ပင်တွေက ရိပ်ခနဲ၊
အရမ်းလှတယ် သဘာဝ ပန်းချီကားတစ်ချပ်၊
လူအရောက်နည်းသည်၊အေးချမ်းသည်။
တစ်ချက်ချက် ကန်ရေကို ဖြတ်တိုက်လာတဲ့
လေအေးအေးလေးတွေ သူ့ ပါးတွေကို ထိခတ်ကြရင်း
သူ့ဆံနွယ်တွေကို ကျီစယ် တိုးဝှေ့ရင်း ဆော့ကစားနေလေရဲ့။
ရေကန်ဆီလာတဲ့ လမ်းအစနားလောက်မှာ
အပြာရောင်ကားလေးတစ်စီး ရပ်ထားသည်။
ဒါဆို ရေကန်စပ်မှာ တိတ်ဆိတ်စွာ ထိုင်နေသူက Lisa
သူတစ်နေရာတည်းကို စိုက်ကြည့်နေတာ။
အမှန်က သူ ငါးမျှားနေတာပါ။
သူ ဒီကိုရောက်တာ မနက် 8 နာလောက်ကတည်းက
တစ်နည်းအားဖြင့် သူထိုင်နေတာ 2 နာရီ နီးပါရှိပြီ။
ဒါပေမယ့် ငါးတစ်ကောင်မှ မမိသေးဘူး။
(ကိုယ့် မူးကောင် လူသွားမျှားပါ 10 မိနစ်မပြည့်ခင်
ကမ္ဘာတစ်ခြမ်းပြိုသွားလိမ့်မယ် ထင်တယ်)
အမှန်က သူ တိတ်တဆိတ် နေချင်လို့သာ၊
ငါမျှားတာကို အကြောင်းပြပေမယ့် ငါးမျှားချိတ်မှာ
ငါးစားထည့်မိလားတောင်သူမသိဘူး။
သူ ထကာ ခါးတစ်ချက်ဆန့်လိုက်တယ်
ညက စာရေးစားပွဲမှာ ဖြစ်သလိုအိပ်ပျော်သွားလို့နေမယ်။
ခါးတွေ အကြောတွေ နာနေတာ။
(အပြင်မှာ Lisa ခြေထောက်နာတယ်လို့
ကြားတုန်းကဆို ကိုယ့်မှာ ရူးမတက်ပဲ)!!တော်ပြီ ပြန်မှပဲ ဝင်စရာရှိသေးတယ်ဆိုတော့
အင်း သဘာဝတရားကြီးက တစ်ကယ်လှတယ်!!- - - -
အပြင်ဘက်ကကြည့်ရင်တောင် တစ်ကယ်လှတဲ့
လေးထောင့်ပုံစံ အဆောက်အဦးတစ်ခု။
နှစ်ထပ်ပဲ ရှိတယ် ပြီးတော့ ခေါင်းမိုးထပ်
ပထမထပ်မှာ ကော်ဖီဆိုင်တစ်ခု၊
တစ်ချို့သော မုန့် အစုံအလင်ရတယ်
ဆိုင်နာမည်က Love 27ဒုတိယထပ်မှာ အရောင်အသွေးစုံလင်လှတဲ့
ပန်ချီကားပေါင်းများစွာကို တွေ့ရမယ့် ပြခန်းတစ်ခု၊
နာမည်က J&L
YOU ARE READING
The Beginning of the End
Fanfictionနှလုံးသားက မှတ်မိပြီး ဦးနှောက်က မေ့သွားနိုင်တယ် ဂျန် ဂျန့် ကို မမှတ်မိနိုင်တော့ရင်လေ ကိုယ့် အနားမှာ ဂျန့် ကို ရှိနေစေချင်တယ် #Jenlisa