Love
အချစ်ဆိုတာ
တစ်ချို့အကြောင်းအရာတွေကြောင့်
သူမ နာကျင်သလို သူ မနာကျင်ခဲ့ဘူး
ဒါပေမယ့် သူမကိုတော့ သူတစ်ကယ်ချစ်ခဲ့သည်
____________________
အပြာရောင်ကားလေးတစ်စီးလမ်းမပေါ်မှာ ပြေးလွှားနေသည်။အရမ်းမြန်ဆန်နေတာမျိုးမဟုတ်ဘူး။
တစ်နေရာရာကိုတော့ ဦးတည်နေတာပဲ။ကောင်းကင်ကတော့အနည်းငယ်မှောင်မိုက်
လို့နေသည်။ ကြယ်မစုံတဲ့လမိုက်ညမျိုးဆိုတာမျိုးလား?
တစ်စုံတစ်ရာမကောင်းတာတစ်ခုခုဖြစ်လာနိုင်သည်။အတော်ကြာမောင်းနေပေမယ့်လည်း လမ်းဘေးတစ်နေရာကို ထိုးရပ်သွားသည်။
ကားတံခါးတစ်ချက်ပွင့်လာပြီး မိန်းကလေးတစ်ယောက်
ဆင်းလာသည်။ပြီးတော့ဦးတည်ရာမဲ့စွာသွားနေပြန်သည်။
မိုးဖွဲဖွဲလေးတွေအနည်းငယ်ကျနေပြီဖြစ်သည်။
ကားအသွားအလာတွေ
လမ်းသွားလမ်းလာတွေလည်းသိပ်မရှိ။သူ ဆံပင်တွေကို ထိုးဖွလိုက်မိသည်
"ငါ ဘယ်သူလဲ ငါ ဘယ်သွားမှာလဲ
ဘာလို့ ဘာမှစဉ်းစားမရတာလဲ"အချိန်တွေ နေရာတွေကို သူမသိဘူး။
သူ့ခြေထောက်တွေရဲ့ခေါ်ဆောင်ရာသွားနေသည်။ဖြောင့်တန်းနေတဲ့ လမ်းမတစ်လျှောက် သွားနေတဲ့သူ
သူကိုယ့်ပေါ်မှာလည်း မိုးရေတွေစိုရွှဲနေပြီဖြစ်သည်။လူကူးမြင်းကျားတစ်နေရာကို ရောက်တော့ လမ်းတစ်ဖက်သို့ကူးသွားသည်။
သူဆီသို့ ဦးတည်လာနေသောကားတစ်စီး
သူ ကြောင်ပြီးရပ်ကြည့်နေမိသည်။
တစ်ဖြည်းဖြည်းနီးကပ်လာခြင်းနဲ့အတူ ကားဘရိတ်အုပ်သံတစ်ချို့ ပေါ်ထွက်လာသည်။"ဒုန်း...ကျွိ"
"အား..."
အော်သံနဲ့အတူ လဲကျသွားတဲ့သူ
ရပ်သွားတဲ့ကားပေါ်မှာ လူတစ်ယောက် ယိမ်းယိုင်နေသောအနေအထားဖြင့် ဆင်းလာသည်။ကားပေါ်မှဆင်းလာသောခြေထောက်တစ်စုံကို
မြင်လိုက်ရပြီး ခေါင်းမှပူနွေးလာသော ခံစားချက်နှင့်အတူ သူ့ကမ္ဘာကြီးအမှောင်ကျသွားသည်။
YOU ARE READING
The Beginning of the End
Fanfictionနှလုံးသားက မှတ်မိပြီး ဦးနှောက်က မေ့သွားနိုင်တယ် ဂျန် ဂျန့် ကို မမှတ်မိနိုင်တော့ရင်လေ ကိုယ့် အနားမှာ ဂျန့် ကို ရှိနေစေချင်တယ် #Jenlisa