[ 5 ]

4.3K 282 21
                                    

Love
အချစ်ဆိုတာ သူမ ပြုံးတိုင်း
သူ့ နှလုံးခုန်နေသလားဆိုတဲ့
ရူးကြောင်ကြောင် အတွေးမျိုးကို
သူတွေးတတ်ခဲ့ပြီလေ
____________________
သူနဲ့သူမ တွေ့ခဲ့တာ တစ်ပတ်ပြည့်ခဲ့ပြီ
တစ်နည်းအားဖြင့် မတွေ့ရတာ တစ်ပတ်ကြာပြီပေါ့။

သူကတော့ သူ့အလုပ်ဖြစ်တဲ့ ပန်းချီဆွဲတာကို
လုပ်ဖြစ်ခဲ့သည်။ ဒါဆို သူမကရော?
သူ မတွေးချင်ပါ တစ်ပတ်လုံး
သူမအကြောင်းတွေပဲ တွေးနေခဲ့တာ
ဒီနေ့တော့ သူ ဆုံးဖြတ်ချက်ချလိုက်တယ်
သူမနဲ့သွားတွေ့ဖို့။ အကြောင်းရင်းက
ပန်းချီကားလက်ဆောင်ပေးခိုင်းသည်ပေါ့။
unnie Jisoo ကို အကူအညီတောင်းကာ
သူပို့ခိုင်းသလိုမျိုးလေး။ ဒီအကြံကောင်းပါတယ်လေ။

သူမ ရှိတဲ့ဆီ သွားတဲ့လမ်းတစ်လျှောက်မှာလည်း
လက်တွေကအေးစက်လို့နေသည်။
ဆောင်းမကုန်သေးလို့နေမှာပါ။

သူ ထုပ်ပိုးထားတဲ့ ပန်းချီကားကိုကိုင်ရင်း
ကော်ဖီဆိုင်ထဲလှမ်းဝင်လိုက်သည်။
နာမည်ကိုမော့ကြည့်လိုက်တော့ " Love 27 "
သူမ ရှိတဲ့နေရာမလို့လားမသိဘူး
အရာရာ အကုန်လှနေတာ
ကော်ဖီဆိုင်အပြင်အဆင် ခွက်လေးတွေကအစ
ဖွင့်ထားတဲ့ သီချင်းကလည်း သာယာနေတာ။
အဲ့မှာ သူသိလိုက်တာ တစ်ခုက

သူမနဲ့အနီးတစ်ဝိုက်တွင် အလွန်သာယာသည်

ဆိုတာလေးပါ။ သူပြောတာမလွန်ပါဘူး။

သူ ဒုတိယထပ်ကို ဆက်တက်သွားရင်း
J&L ဆိုတဲ့ ပန်းချီပြခန်း
သူမအတွေးတွေရဲ့ ပိုင်ရှင်ရှိရာ
ရုံးခန်းလေးဆီသို့ ဦးတည်လိုက်သည်။
ဒီနေရာက ပိုလှတယ် နံရံတွေက
အကုန်ပန်းနုရောင် အပြာနုရောင်
နေရာတကျစီထားတဲ့ ပန်းချီကားတွေက
သူနေရာနဲ့သူ အစီအစဉ် တကျ ရှိနေသည်။
ပိုင်ရှင်က လည်း အစီအစဉ် တကျလှလို့နေမှာပါ။
အာ့ကြောင့် သူပိုင်ဆိုင်သမျှလှနေတာ။

!!ဒါဆို ငါကရော!!
မဆီမဆိုင် သူက သူမ ပိုင်ဆိုင်မှုလား?
အာ အရူးအတွေးတွေ သူက လှပြီးသားပဲကို။
တွေးရင်း ပြုံးနေတာ တံခါးဖွင့်သံကြားမှ
သတိပြန်ဝင်တယ် ဒါပေမယ့်
ဒါပေမယ့် ကျောက်ရုပ်ပြန်ဖြစ်သွားတယ်။
အကြောင်းက သူမ အသံကြောင့်ဆိုရင်
မမှားနိုင်။

The Beginning of the End Where stories live. Discover now