Love
အချစ်ဆိုတာ
တဖြည်းဖြည်းမေ့ပျောက်လာတဲ့ သူ့ကိုမြင်ရတာ
သူမ အရမ်းနာကျင်ရပြန်တယ်
သူ့ရှေ့မှာအပြုံးတွေ
သူ့နောက်မှာ ဝမ်းနည်းခြင်းတွေ နဲ့သူမ
_____________________
ခုဆိုရင် အရင်လို သူမအိပ်ယာထနောက်မကျတော့ပါ
သူ့ထက်အရင်စောစောနိုးကာ အိပ်ပျော်နေတဲ့
သူ့ကို အချိန်တော်တော်ကြာကြည့်တဲ့အလုပ်ရယ်
ပြီးတော့ သူ့မျက်နှာလေးကိုကိုင်တဲ့အလုပ်ရယ်
တိုးလာခဲ့တယ်
နောက်ရေချိုးခန်းထဲ သူမျက်နှာသစ်ဖို့အတွက်
ပြင်ဆင်ပေးဖြစ်တယ်
ပြီးတော့ သူ့အတွက်မနက်စာကို သူကိုယ်တိုင်
ချက်ပြုတ်ပြင်ဆင်ပြီးမှ သူ့ကို နှိုးလေ့ရှိတယ်မနေ့ညက အပြင်ပြန်လာပြီးကတည်းက
သူက ပန်းချီးဆွဲနေတဲ့အတွက်ကြောင့်
အိပ်ရာဝင်နောက်ကျခဲ့ကြတာ
သူ့ထက်အရင် သူမမအိပ်ဖြစ်တော့ဘူး
သူအိပ်ပျော်မှာ အိပ်တတ်တဲ့ အကျင့်လေးတစ်ခု
သူမရနေပြီလို့ သတ်မှတ်ရမယ်သူ့ရောဂါကို သူမသိနေတဲ့အကြောင်းကို သူမ မပြောပြပေမယ့် သူမ သိနေမှန်း
ဒီလောက် အကင်းပါတဲ့သူက သိနေလောက်တယ်
ဒါပေမယ့် ဘာမှတော့မပြောဘူး။သူမချက်ကျွေးတာမှန်သမျှစားတယ်
ဆေးပုံမှန်သောက်တယ်နှစ်ယောက်အတူရှိနေချိန်ဆို သူမကို သူ့ရဲ့ရင်ခွင်ထဲပဲနေခိုင်းတယ် အမြဲဖက်ထားပေးတယ်
သူအိပ်မပျော်ရင် သူမကချော့သိပ်ရတယ်ပြီးတော့ ဒီနေ့ သူမအလုပ်ကပြန်ရင် ရုပ်ရှင်ကြည့်ဖို့
ပြောထားကြတာ Ji ရော Chae ရော အတူတူ
ကြည့်မှာပါ လေးယောက်အတူတူ။မနက်စာပြင်ဆင်ပြီးသွားတဲ့အထိ သူဆင်းမလာသေးတာကြောင့် ဒီနေ့လည်း
သူမ နှိုးရမသည်ထင်သည်။အခန်းထဲဝင်သွားတော့ အိပ်ရာပေါ်မှာ သူကရှိမနေ
ရေးချိုးခန်းသွားကြည့်တော့လည်းမရှိ
ဒါဆို ပန်းချီခန်းထဲပဲရှိမယ်ထင်တယ်သူမ တံခါးမခေါက်ပဲ ဝင်သွားလိုက်တယ်
သူက တံခါးဘက်ကျောပေးပြီး ပန်းချီဆွဲနေတာ
ခြေသံကြားလို့ထင်တယ် လှည့်မကြည့်ပဲမေးလာတယ်
YOU ARE READING
The Beginning of the End
Fanfictionနှလုံးသားက မှတ်မိပြီး ဦးနှောက်က မေ့သွားနိုင်တယ် ဂျန် ဂျန့် ကို မမှတ်မိနိုင်တော့ရင်လေ ကိုယ့် အနားမှာ ဂျန့် ကို ရှိနေစေချင်တယ် #Jenlisa