[ 15 ]

3.2K 242 24
                                    

Love
အချစ်ဆိုတာ
သူရဲ့စိုးရိမ်မှုကနေ သူမရဲ့စိုးရိမ်မှုအဖြစ်
မသိမသာ ကူးပြောင်းနေပြီဆိုရင်
နာကျင်ဖို့အတွက် သူမ ပြင်ဆင်သင့်နေပြီ
_____________________
ကျယ်ဝန်းတဲ့ ပင်လယ်က ထိုနေရာကစသည်
ချောင်းငယ်လေးတွေပေါင်းစုက
မြစ်အဖြစ် ထိုမြစ်မှတဆင့်
အဆုံးအစမရှိတဲ့ ပင်လယ်ပြင်ကိုဖြစ်ပေါ်စေသည်

တိုင်းစမရတဲ့ အချစ်တွေ ထိုနေရာကစသည်
အကြည့်လေးတစ်ချက်ကစကာ
မေတ္တာ အကြင်နာတွေနဲ့ ပေါင်းစပ်ပြီး
ယုံကြည်မှုတွေ နားလည်မှုတွေကတဆင့်
အဆုံးအစမရှိတဲ့ အချစ်တစ်ခုကိုဖြစ်ပေါ်စေသည်

ထိုပင်လယ်ကြီးတည်ရှိနေသ၍
ထိုအချစ်လည်းတည်ရှိနေမည်။

ညနေဆည်းဆာရောင်က ပင်လယ်ပြင်မှတဆင့်
သူတို့ မျက်ဝန်းထဲရောက်တယ်
အရမ်းလှပခြင်းတွေကို အတူတူ ခံစားနေကြတဲ့
သူတို့လေးယောက်
မနက်အစောကြီးထွက်လာကြကာ
မမှောင်ခင်ရောက်ကြသည်

တိတ်တဆိတ် ပါပဲ တစ်ယောက်ကိုတစ်ယောက် မှီရင်းထိုင်နေကြတာ စကားလည်းမပြောကြဘူး

နောက်တော့ Jisoo က

"Jen နင်တို့လက်ထပ်တော့မှာဆို ဟုတ်လား"

"ဟုတယ် Ji ဝတ်စုံတွေ အပ်ထားပြီးသွားပြီ
နောက်လလောက်မှာ ဖိတ်စာရိုက်မှာ"

"အင်းပါ ပြောတော့ ရည်းစားမထားဘူးလေး
ရင်မခုန်တတ်သေးဘူးတဲ့ မြန်တာမတရား"

"ဒါက ငါ ချစ်တတ်သွားလို့လေ အားကျရင်
နင်လည်း ဆောင်ပါလား"

သူတို့နှစ်ယောက်ကသာ အပြန်အလှန်ပြောနေကြတာ
ဟိုနှစ်ယောက်က တိတ်ဆိတ်လို့
chae ကတော့ထားပါတော့
သူက ဘာဖြစ်တာလဲ
ခုတလော အရမ်းအိပ်တာပဲ
တစ်ခုခုဆို ကြောင်ပြီးကြည့်နေတတ်တာ
တစ်ခုခုပြောလိုက်ရင် အတော်ကြာအောင်စဉ်းစားပြီးမှပြန်ပြောသည်
သူအရင်ဆို အဲ့လို့မဟုတ်ပါဘူး

ဟိုတစ်ခါ ဝတ်စုံသွားကြည့်ကြတုန်းကလည်း
ဘာလုပ်ဖို့လဲ ဆိုပြီးမေးလာတာ
သူမတောင်ကြောင်သွားသည်
အတော်ကြာမှာ ဆောရီး ဆိုပြီး
တစ်ခုခုကို အထိတ်တလန့် ပုံစံမျိုးကြီးဖြစ်သွားတာ
အရင်လိုလည်း သိပ်မရွှင်ပျတော့ဘူး

The Beginning of the End Where stories live. Discover now