[ 24 ]

4K 243 20
                                    

J&L
သူရောက်လာပြီးနောက်ပြန်လည်အသက်ဝင်လာသော
သူမရဲ့ပန်းချီပြခန်းလေး
တစ်လအတွင်းလိုအပ်တာတွေပြင်ဆင်ကာ
ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ခုလည်းဖွင့်ပွဲလုပ်နေခြင်းဖြစ်သည်။
အရာရာအသစ်ကပြန်စပေမယ့် နာမည်တော့မပြောင်းဖြစ်တော့ဘူး။

သူမမာမီရဲ့အလုပ်ကို သူမဆက်လုပ်ဖြစ်သလို
သူ့ဝါသနာ သူ့အလုပ်နဲ့လည်းကိုက်ညီသည်ပေါ့။

ဧည့်သည်တွေကိုနှုတ်ဆက်ရင်းနှစ်ယောက်သား
အလုပ်ရှုပ်နေကြသည်။

Chaeyoung နဲ့ Jisoo တို့လည်းကူညီပေးကြသည်။
သူတို့လည်းပြန်ရောက်တာကမကြာသေးဘူး။
စစချင်းသူကိုတွေ့တော့ ပွေ့ဖက်နှုတ်ဆက်ရင်းငိုကြသေးသည်။

ခုလည်းဖွင့်ပွဲကိုအတော်ကူညီပေးသည်
ပြီးခါနီးလောက်မှာ Jisoo ကဆိုင်မှာအလုပ်ရှိတယ်
လို့ဆိုကာ chaeရော အတူပြန်သွားကြသည်။

ဧည့်သည်အနည်းငယ်ရှိလောက်တဲ့အချိန်လောက်မှ
သူမဒယ်ဒီရောက်လာသည်
သူကပဲအရင်နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ယောက္ခထီး အဲ ဒယ်ဒီ"

"မလွယ်တဲ့ကောင်မလေး ငါ့ဆီ Jenကိုပေးပါလို့ပြောတုန်း
ကတော့ မငိုစေရပါဘူးဆိုပြီးတော့ တစ်နှစ်တောင်မှ
ငါ့သမီးကိုငိုစေခဲ့တာပဲ"

"နောက်အဲ့လိုမဖြစ်စေရပါဘူး ဒယ်ဒီ"

"နောက်တစ်ခါဖြစ်ကြည့်ပါလား တစ်ခါတည်းကွာရှင်း
ခိုင်းမှာ "

"တောင်းပန်ပါတယ် ဒယ်ဒီ ဟို Jennie ကပြောတယ်
ကွာရှင်းမယ်လို့ပြောရင်အပြစ်ပေးရမယ်တဲ့"

"ဘာ အဲ့တော့ ငါ့ကိုအပြစ်ပေးမယ်ပေါ့လေ"

"ဟို အဲ့လိုမဟုတ်"

"အပြစ်ကပေးရမယ်ဆိုရင်တောင်ငါကပေးရမှာပါ ဖွင့်ပွဲပြီးရင် Jenနဲ့အတူညစားစားတာပေါ့ ဒီရှေ့နားကစားသောက်ဆိုင်ကို
လာခဲ့ဟုတ်ပြီလား နောက်မကျစေနဲ့နော်"

သူနဲ့ဒယ်ဒီအပြန်အလှန်ပြောပြီးမှ သူမရောက်လာသည်

"ဒယ်ဒီ ရောက်လာတာလား လီ ဘာလို့လာမပြောတာလဲ"

The Beginning of the End Where stories live. Discover now