[ 13 ]

3.5K 241 16
                                    

Love
အချစ်ဆိုတာ တစ်ခါတစ်ရံ
အသိစိတ်ပျောက်ဆုံးသွားလောက်တဲ့အထိ
သူ့အထိအတွေ့က ကြမ်းတမ်းတယ်
ဒါပေမယ့် ဒါက သူမအတွက်တော့
ချိုမြိန်နေတဲ့ သုခဘုံတစ်ခုပဲ
____________________
လူတွေဆိုတာ ထိန်းချုပ်နိုင်မှုကင်းမဲ့ကြတယ်တဲ့
ကမ္ဘာဦးက ဘုရားသခင်က အဲ့ဒါကိုသိလို့
အာဒံ နဲ့ ဧဝ ကို ဖန်ဆင်းတဲ့နေရာမှာ
အမြင်အာရုံကို ဖျောက်ထားခဲ့တာတဲ့
လူတွေပြောကြတယ် ထိုသို့
လူသားနှစ်ယောက် အတူရှိသော်လည်း
ဘာပြဿနာမှ မရှိအေးချမ်းနေသည်ပေါ့

အရာရာဟာ တည်မြဲနေတာမှမဟုတ်တာ
အကြောင်းအရာတစ်ခုကြောင့်
တစ်ယောက်ကို တစ်ယောက် မြင်ရချိန်မှာတော့
ချစ်မိသွားကြပြန်ရော
အဲ့မှာဇာတ်လမ်းစတာပဲ
ဧဒင်ဥယျာဉ်က ပန်းသီးက ဘာဖြစ်တယ်
အချစ်တွေရဲ့အစ အာဒံနဲ့ဧဝ ကစတယ်
အမျိုးမျိုးသော ထင်မြင်ချက်တွေနဲ့
လူတွေကတစ်ယောက်ကို တစ်ယောက်ချစ်ကြတယ်

နောက်တစ်ခုက လူသားတွေက မြင်ရုံနဲ့ချစ်တာတစ်ခုတည်းမဟုတ်ဘူး
အသံကြားလည်းချစ်တယ်
အထိအတွေ့နဲ့ ချစ်ကြတယ်
ပုံစံမျိုးစုံ နဲ့ချစ်ကြတယ်
ကမ္ဘာဦးကထက် ပို မိုက်တာပေါ့

ပြောပါတယ် အချစ်က လှပတယ်
အချစ်ကို ခံစားနေတဲ့ သူတို့နှစ်ယောက်ကပိုလှတယ်

သူတို့နှစ်ယောက်အတူရှိရင် ဖက်ရင်ဖက်
မဟုတ်ရင်နမ်း ဒါပါပဲ အဲထိတော့
ထိန်းချုပ်လို့ရသေးတယ်
အားလုံးကို သူထိန်းချုပ်တယ်
သူ့ထိန်းချုပ်မှုအောက်မှာ သူမရှိတယ်

ကဲ ဒါဆို ဒီတစ်ခါ နောက်တစ်မျိုးထိန်းချုပ်ကြည့်ကြမလား?

ခုလို ညတွေသိပ်လှတယ် ပြောရရင်
သူနဲ့သူမနဲ့ အတူရှိကြတဲ့ ညတွေပိုလှတယ်

ပြီးတော့ သူရဲ့အိမ်ရော သူမရဲ့ အိမ်ရော မဟုတ်တဲ့
သူမအလုပ်ရဲ့ ခေါင်မိုးထပ်က အခန်းရှေ့မှာ
ထိုင်နေကြတဲ့ သူနဲ့သူမ

စားပွဲဝိုင်း တစ်ဖက်စီမှာထိုင်ရင်း
သူမ ချက်ကျွေးတဲ့ ညစာစားနေကြတယ်
ဝိုင် အနည်းငယ်သောက်ထားတာကြောင့်
နည်းနည်းတော့ ရီဝေဝေ ဖြစ်နေတဲ့သူ့မအကြည့်
အား ရူးတော့မယ်ထင်တယ်

The Beginning of the End Where stories live. Discover now