ဆူပုပ်ပုပ်မျက်နှာတစ်စုံဖြင့် နှာခေါင်းအထက်မှ မျက်မှန်ဝိုင်းလေးအား ပင့်တင်ကာ ပါးစပ်မှ ပေါက်ပေါက်ဖောက်၍ တစ်ယောက်တည်း ငလျင်လှုပ်နေသည့် အမောင် Park Chanyeol...........
အကြောင်းကား နှစ်လမ်းကျော်၌ အကြွေးသွားတောင်းရန် မွေးသမိခင်ကျေးဇူးရှင်မှ ခိုင်းလိုက်ခြင်းကြောင့်ပင်ဖြစ်သည်.........
အခန်းအောင်း Game ချည်းဆော့နေသည့် Park Chanyeol အား
အမေဖြစ်သူမှ လေကောင်းလေသန့် ထွက်ရှူသင့်ကြောင်းပြော၍ တစ်ပါတည်းခိုင်းလိုက်ခြင်းပင်...............Game ဆော့သည်ကလွဲ ရှူရှူးပေါက်သည်ကအစ အပျင်းကြောကြီးလွန်းသည့် Park Chanyeol ဟာ နှစ်လမ်းကျော်လောက်လေးအား
ရေခြားမြေခြားသွားရသည့်ခရီးအလား..........."အဲ့မေမေ ရက်စက်တယ် အဝေးကြီးကို ခိုင်းစရာလားလို့ ဟွန့်...
ဒီသားလူပျိုနုနုထွတ်ထွတ်လေးကို ကောင်မလေးတွေပြန်ပေးဆွဲကြမှာ မကြောက်ဘူးလားမသိဘူး.... နောက်မှ နောင်တရလိမ့်မယ်အမေရေ...... "အမေ့ ရှေ့တင်ကျမပြောရဲပါပဲ နောက်ကွယ်မှသာ ခွန်းတုပ်ပြန်တတ်သည့် Park Chanyeol ရဲ့ သတ္တိအား ချီးကျူးကာဖြင့် လက်ခုပ်တဖြောင်းဖြောင်းတီးကာ ဂုဏ်ယူလိုက်ချင်ပါသည်.........
အိမ်နေရင်း T shirt အပြာလေးနှင့် ဘောင်းဘီပွယောင်းယောင်းကပင်
လမ်းသွားလမ်းလာ ကောင်မလေးတစ်ချို့အား ဆွဲဆောင်နိုင်နေသေးသည်အထိ Park Chanyeol ဟာ စော်ကြည်ဘဲတစ်ယောက်ဖြစ်ပေသည်........ဆေးရောင်ခြယ်မျက်နှာများအား စိတ်မ၀င်စားသော Park Chanyeol ဟာ လူပျိုစောက်ချောကြီးအဖြစ်သာ အရိုးထုတ်မည်ဟူ၍ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလို့ပင်မဆုံး...........
သူ့ရဲ့ ဘ၀ ,သူ့ရဲ့ နှလုံးသား ရှိရှိသမျှအရာအားလုံးအား Game ထဲတွင်သာ ပေးအပ်လို့ထားခဲ့တာ အလယ်တန်းကျောင်းသားဘ၀လောက်ကတည်းကနေ အလုပ်မရှိအကိုင်မရှိ မိဘလုပ်စာ ထိုင်စားနေသည့် အသက် ၂၅ နှစ် လူရွယ်တစ်ယောက်ဘ၀အထိ.......
CEO တစ်ယောက်ရဲ့ သားဟာ အလုပ်လုပ်စရာမလို ဟူသည်မှာ Park Chanyeol လက်ကိုင်ထားရှိသည့် Logic တစ်ခု......
သူ့အိပ်ခန်းတံခါးမှာ ကပ်ထားသည်က "သတိ Game ဆော့နေသည် မနှိုးရ ပုံ CEO သား အမွေဆက်ခံသူ Park Chanyeol"ဟူသော စာကို ကြည့်ချင်းအားဖြင့် အိမ်၌သည်ကား သူသည်သာလျှင် အိမ်ကြီးရှင်ဟု မှတ်ယူထားပုံပင်.........

YOU ARE READING
နှောင်းမြေမှ ကိုယ့်ချစ်သူ Z+U(Completed)
Fanfiction"အချစ်ဆိုတာကို ဘယ်လိုမျိုးယုံကြည်လဲ ဗြောင်လေး" "အချစ်ဆိုတာ ရိုးရှင်းတယ် ချန်း... နွေးထွေးတယ်..... လုံခြုံတယ်..... အားဖြစ်စေတယ်...... လူသားတစ်ယောက်က လူသားတစ်ယောက်ကို ချစ်ခွင့်ရှိတယ်.... ချန်းရော အချစ်ကို ဘယ်လိုမျိုး သတ်မှတ်ထားလဲ" "အချစ်က ချစ်ဖို့ကော...