🌸 နှစ်ယောက်တည်း တစ်ကမ္ဘာတည်မယ် 🌸

956 73 1
                                    

"ခုကျတော့လည်း တုတ်ဓားမြှားလက်နက်တွေ ချထားပြန်ပါလား....
ဘယ်လိုတွေ့ဆုံမှုမျိုးလဲ"

Chanyeol တို့ ယခုရောက်ရှိနေသည်မှာ လေ့ကျင့်ရေးကွင်းထဲပင်ဖြစ်သည်..............

"အရှင်မေ့နေတာလား.... ဗြောင်လေးက ပညာသင်ဖို့ ရောက်လာတယ်ဆိုတာ"

"အ့ဆို ဧက္ကရာဇ်တစ်ပါးဖြစ်တဲ့ ချန်းညောက သင်ပေးပါ့မလား...
တခြားစစ်သူကြီးတွေနဲ့ သင်ခိုင်းနေမှဖြင့်..... စိတ်မချပါဘူးကွာ"

"တိုင်းပြည်ရေးနဲ့ အလုပ်ရှုပ်နေတဲ့ ဧက္ကရာဇ်က ဗြောင်လေးကို တခြားသူနဲ့ လွှဲအပ်ထားမလား ဒါမှမဟုတ် ကိုယ်ဖိရင်ဖိသင်ပေးမလား ကြည့်ကြတာပေါ့"

"ကျိန်းသေပေါက်ကို သင်ပေးမှာ မဟုတ်ဘူး"

တထစ်ချအတွေးနှင့် မျက်နှာစူပုပ်နေသည့် Chanyeol ဟာ တကယ်တော့ ဗြောင်လေးကို စိတ်မချတာပါ.......ဖြစ်နိုင်ရင် သူကိုယ်တိုင်ပင် ၀င်သင်ပေးလိုက်ချင်သည်.....ဒါပေမဲ့ သူဟာ Game ကလွဲပြီး ဘယ်အရာမှ အဖြစ်ရှိတာမဟုတ်ပေ..........

လေ့ကျင့်ရေး ၀တ်စုံအပြည့်နှင့်အရင်ထွက်လာသည်မှာ Chanyeol မျှော်မှန်းထားသော ဗြောင်လေးမဟုတ်ပါပဲ ဧက္ကရာဇ်မင်း ချန်းညောပင်ဖြစ်ပေသည်........

ထို့နောက် အနီးအနားတစ်ဝိုက်မှ နန်းစောင့် ရဲမက်များအား လေ့ကျင့်ရေးကွင်းမှ နှင်လေ၍ လက်နက်များအား အသေးစိတ်ကအစ ကိုယ်တိုင်ကိုယ်ကျ စစ်လို့နေသည့် တိုင်းပြည်ရဲ့ မင်းတစ်ပါးဟာ ချစ်ရသူမထိခိုက်စေဖို့ ရည်ရွယ်လေသည်............

"ချန်း"

"ရောက်ပြီလား ဗြောင်လေး.... လာပါအုံး ကိုယ့်ဆီ"

ခေါင်းဘယ်ညာလှည့်၍ လူအရိပ်အကဲကြည့်သည့် ဗြောင်လေးဟာ လေ့ကျင့်ရေးဝတ်စုံအပြည့်နှင့် ပိုလို့ပင် ကျက်သရေရှိနေတာမို့ ချန်းညောမှာ သူသာဦးစွာတိုးကပ်၍ ခါးသွယ်သွယ်လေးအား လှမ်းဖက်လိုက်လေသည်........

"ကဲကြည့် အဲ့နှာဘူးဘုရင်ဟာလေ ဗြောင်လေးကို တွေ့တာနဲ့ ဥပုပ်မစောင့်တဲ့ ဖွတ်ကျားကြီးတစ်ကောင်လိုပဲ သွားရည်တမြမြနဲ့"

နှောင်းမြေမှ ကိုယ့်ချစ်သူ Z+U(Completed) Место, где живут истории. Откройте их для себя