"၀မ်းမြောက်ပါပေတယ်.....
ဗြောင်လေးကို ခေါ်သွားချေ...ငါကိုယ်တော်ခွင့်ပြုတယ် အိမ်ရှေ့စံ......
အဆိုးလေးကို ထည့်ပေးလိုက်ရမှာ အားနာလိုက်တာကွာ""ခမည်းတော်ကလည်း သားတော်ဘယ်တုန်းက ဆိုးဖူးလို့လဲ ဟွန့်"
"ဟား... ဟား... ဟား"
အိမ်ရှေ့စံချန်းညောမှ နန်းတက်ပွဲအတွက် ဗြောင်လေးကို တစ်ပါတည်းခေါ်သွားမည်နှင့် ဓားရေး လှံရေး အတတ်ပညာများသင်ပေးမည်ဟု နားနားကပ် တကျီကျီပူဆာနေတာကြောင့် ဗြောင်မင်းကြီးက ခွင့်ပြုလိုက်ခြင်းပင်ဖြစ်သည်.........
ကိုယ်ရံတော်မှ မြင်းနှစ်ကောင်ဇာတ်ကြိုးကိုင်၍ မြင်းလှည်းမောင်းနေသည့်နောက် အိမ်ရှေ့စံ နှစ်ပါးမှာ စကားတပြောပြောနှင့် လိုက်ပါလာခဲ့လေသည်.......
အိမ်ရှေ့စံဗြောင်မှာ ပြတင်းပေါက် လိုက်ကာစလေးအား သိမ်း၍ ပတ်ဝန်းကျင်အား စူးစမ်းကာကြည့်နေသည်ကို အိမ်ရှေ့စံချန်းညောမှလည်း ငေးမောကာကြည့်နေလေသည်........
"ချန်း.... ကျွန်တော်ဘယ်လောက်ကြာကြာနေရမှာလဲဟင်"
"ပျော်သလောက်နေလေ ဗြောင်လေးရဲ့.... ဘာဖြစ်လို့လည်း ခုမှ ထွက်လာတာကို ခမည်းတော်ကို လွမ်းနေပီလား"
"ဟုတ်.... နည်းနည်း လွမ်းလာလို့"
လမ်းခုလတ်တစ်နေရာအရောက် အိမ်ရှေ့စံတို့ စီးနင်းလာသည့် မြင်းလှည်းမှာ နွံထဲသို့ ဘီးတစ်ဖက်နစ်ဝင်သွားလေသည်.......
အားစိုက်ဆွဲပါသော်လည်း ဘယ်လိုမှ ဆွဲမရတာကြောင့် မြင်းနှစ်ကောင်သာယူ၍ မြင်းလှည်းအား နွံထဲ၌သာ ချန်ရစ်ထားခဲ့လိုက်ရသည်.....
"ကျွန်တော်မျိုး ပေါ့ဆမှုကြောင့် အရှင်တို့ ပင်ပန်းတော့မယ်"
"ကိစ္စမရှိဘူး ကိုယ်ရံတော်....မြင်းစီးပြီးတော့ပဲ နန်းတော်ကို အမြန်ပြန်ကြတာပေါ့"
မြင်းနှစ်ကောင်ရှိသည့်အနက်မှ မြင်းဖြူအား ကိုယ်ရံတော်ကို စီးစေပြီး အုန်းခွံရောင်အမွှေးတို့နှင့် မြင်းပေါ်သို့ ချန်းညောမှ ခုန်တက်လိုက်လေသည်......
"လာ ဗြောင်လေး....ကိုယ်နဲ့တူတူစီးရအောင်"
လက်ကမ်းကာခေါ်သည့် ချန်းညောလက်အား ဗြောင်လေးမှ ဆွဲကိုင်လိုက်တော့ ချန်းညောမှ အားယူဆွဲလိုက်ကာ ရှေ့သို့ ထိုင်စေလိုက်သည်......
ESTÁS LEYENDO
နှောင်းမြေမှ ကိုယ့်ချစ်သူ Z+U(Completed)
Fanfic"အချစ်ဆိုတာကို ဘယ်လိုမျိုးယုံကြည်လဲ ဗြောင်လေး" "အချစ်ဆိုတာ ရိုးရှင်းတယ် ချန်း... နွေးထွေးတယ်..... လုံခြုံတယ်..... အားဖြစ်စေတယ်...... လူသားတစ်ယောက်က လူသားတစ်ယောက်ကို ချစ်ခွင့်ရှိတယ်.... ချန်းရော အချစ်ကို ဘယ်လိုမျိုး သတ်မှတ်ထားလဲ" "အချစ်က ချစ်ဖို့ကော...