တခြားသော တိုင်းပြည်မှ မင်းများနှင့် သံတမန်များ တက်ရောက်လာကြသည့် ဘုရင့်သားတော် မင်းသား ပတ်ချန်းညော ၏ အိမ်ရှေ့စံအဖြစ် အပ်နှင်းသည့် ပွဲ၌ တူရီယာပေါင်းစုံ၏ အသံများအား သာယာနာပျော်စွာ ကြားနေရသည်.......
နေ့ကောင်း နေ့မြတ်ဖြစ်တာကြောင့် နန်းတော်ထဲ၌ မျိုးရိုးမြင့်လူတန်းစားများမှာလည်း ခြေလိမ်လို့နေသည်မှာ မျက်စိရှုပ်စရာကောင်းလှပေသည်...........
"ကျွန်... ကျွန်တော်တို့ ဘယ်ရောက်နေတာလဲ"
"လွန်ခဲ့တဲ့ နှစ်ပေါင်းမြောက်မြားစွာထဲက တစ်ခေတ်ပေါ့....
ဒါ အိမ်ရှေ့စံအပ်နှင်းတဲ့ ပွဲတော်လေ....ပိုသေချာအောင်ပြောရရင် အရှင် ချန်းညောရဲ့ ပွဲပေါ့""ချန်းညော? ဒါကျွန်တော့်နာမည်ပဲ"
"နာမည်ရော လူရောက အရှင်တစ်ယောက်တည်းပါပဲ.....
အရှင့်ရဲ့ အတိတ်ဘ၀ကို ပြန်ကြည့်ရအောင်လား"ထိုဖြူစွတ်စွတ်အနှီလူသားမှာ အင်္ကျီလက်ရှည်ပွပွမှ ကနုတ်ပန်းများဆေးခြယ်ထားသော ပိတ်သားယပ်တောင်ကို ထုတ်၍ ယပ်ခပ်ကာ ပြုံးရင်းဆိုလာခဲ့သည်.......
ထို့နောက် တောင်တောင်တောင်ဟူ၍ ရှေးတူရိယာအသံများမှာ ပို၍ ကျယ်လောင်လာလေသည်......
"အောဟော ဆက်မလိုက်လာခဲ့နဲ့ ငါကိုယ်တော် ဥယျာဉ်ထဲမှာ တစ်ကိုယ်တည်း လွတ်လပ်စွာနေချင်လို့ ဒီနေရာမှာတင် နေခဲ့ပါ အထိန်းတော်တို့.....ဒါ ပတ်တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသားအမိန့်ပဲ"
ဩဇာသံနှင့်အတူ အာဏာပေးနေသည့် ထိုအိမ်ရှေ့စံမင်းသားဆီ Park Chanyeol အကြည့်ရောက်တော့ သူ့အား မိတ္တူပွားထားသည့်အလား Park Chanyeol နောက်တစ်ယောက်အား တွေ့ရလေသည်.....
"လုပ်... လုပ်... လုပ်ပါအုံး.... ဘာကြီးလဲ.... ဘာတွေဖြစ်ကုန်တာလဲ.. အဲ့တာ ဘယ်သူကြီးလဲ"
"အဲ့တာ အရှင်လေ...အရှင့်ရဲ့ အတိတ်ဘ၀က ဖြစ်တည်မှုလေ.....
အိမ်ရှေ့စံ Park Chanyeol တဲ့...ဒါကြောင့် ဒီနေ့ပွဲက အရှင့်ရဲ့ ပွဲလို့ပြောတာပေါ့""တဆိတ် ကျွန်တော်နားမလည်တော့ဘူး.... ကျွန်တော်က အတိတ်ဘ၀မှာ အိမ်ရှေ့စံတဲ့လား ခင်များဇာတ်လမ်းတွေထွင်တာ ရပ်သင့်ပြီ
ကျွန်တော့်ကို ပြန်ပို့ပေးပါတော့"
YOU ARE READING
နှောင်းမြေမှ ကိုယ့်ချစ်သူ Z+U(Completed)
Fanfiction"အချစ်ဆိုတာကို ဘယ်လိုမျိုးယုံကြည်လဲ ဗြောင်လေး" "အချစ်ဆိုတာ ရိုးရှင်းတယ် ချန်း... နွေးထွေးတယ်..... လုံခြုံတယ်..... အားဖြစ်စေတယ်...... လူသားတစ်ယောက်က လူသားတစ်ယောက်ကို ချစ်ခွင့်ရှိတယ်.... ချန်းရော အချစ်ကို ဘယ်လိုမျိုး သတ်မှတ်ထားလဲ" "အချစ်က ချစ်ဖို့ကော...