🌸 အချစ်က အနှိုင်းမဲ့တယ် 🌸

1.7K 117 2
                                    

သွေးမြေပြင်မှ Luhan ကျောခိုင်းထွက်ခွာတော့ ခေါ်သံအဆုံးခြေလှမ်းတို့ဟာ ရပ်တန့်သွားခဲ့လေသည်....

"Lu....... "

ဒါဟာ Chanyeol ခေါ်သံမဟုတ်.....
သူရင်းနှီးခဲ့ဖူးသော ချစ်ရသူရဲ့ အသံ........

"Lu?....ကိုယ်ရံတော်က Luhan လား?"

"ဟုတ်တယ် အရှင်...ဇာပ၀ါခြုံထားတဲ့ ကိုယ်ရံတော်ဆိုတာ ကျွန်တော်မျိုးပါပဲ"

"Lu.....ကိုယ်စောင့်နေခဲ့တာလေ......ကိုယ့်ရင်ခွင်နဲ့ စီးကြိုမလို့ ဗြောင်တိုင်းပြည်မှာ အသင့်စောင့်နေခဲ့တာလေ.....
ကိုယ့်ရင်ခွင်ထဲ ရောက်လာခဲ့ရင် ကိုယ်တို့အချစ်တွေကို တစ်နည်းတစ်ဖုံ ဖွင့်ဟဖို့ ကြိုပြီးရင်ခုန်နေခဲ့တာလေ....ကိုယ့်ကို ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းတောင် မဆိုသွားတော့ဘူးလား ဟမ်.... ထပါကွာ... ကျေးဇူးပြုပြီး ထပါတော့ ကိုယ်တို့နှစ်ယောက်အရင်လို မတည့်အတူနေကြရအောင်ကွာ"

ရင်ခွင်ထဲမှ ကောင်လေးရဲ့ မျက်နှာအထက်က ဇာပ၀ါလေးကို ချွတ်လေတော့ တကယ်ကြီး Luhan..........

"ဟာကွာ...... မင်းရဲ့အလှတရားကို တစ်ချိန်လုံးဖုံးကွယ်နေခဲ့တာတောင် မင်းသိလား ကိုယ်မင်းမျက်ဝန်းလေးတွေကို သိပ်မြတ်နိုးခဲ့တာ.......
မင်းရဲ့အကြည့်တစ်ချက်နဲ့ ပြုစားသွားခဲ့ပြီးမှ ကိုယ့်ကို တစ်ယောက်တည်း ထားသွားလို့ ရရိုးလား.... မင်းသိပ်ရက်စက်တယ် Lu"

ရင်ခွင်ထဲမှ အသက်ဝိညာဉ်မရှိသော ရုပ်အလောင်းအား ပွေ့ဖက်ကာ တစ်ယောက်တည်း စကားပြောနေပါသော အိုဆယ်ဟွန်းဟာ ချန်းညောတို့ထက်ပင် ပို၍ ခံစားရသည်ဆိုမလား........

တစ်ဦးနှင့် တစ်ဦး ရင်တွင်းခံစားချက်အား မဖော်ပြခင်မှာပဲ သူတို့ရဲ့ ဇာတ်လမ်းဟာအဆုံးသတ်သွားခဲ့လေပြီ......

"အိုစစ်သူကြီးက Luhan ကို သိပ်ချစ်ခဲ့တာပဲ"

"အင်းနော်.... အိုဆယ်ဟွန်းရဲ့ နှလုံးသားက ကျွန်တော်မျိုးနဲ့ ခံစားချက်ချင်း ထပ်တူကျနေခဲ့တာပဲ"

Luhan ဟာ မျက်ရည်များကြားမှ နှုတ်ခမ်းတစ်ဖက်တွန့်ချိုး၍ ပြုံးလေသည်......

နှောင်းမြေမှ ကိုယ့်ချစ်သူ Z+U(Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ