🌸 ပျောက်သွားမှာ စိုးလို့ နှင့် အသားယူခြင်းများ 🌸

1.1K 80 0
                                    

ကြိတ်ကြိတ်တိုးနေကြသည့် လူအုပ်ကြီးထဲ တိုင်းပြည်ရဲ့ အိမ်ရှေ့စံနှစ်ပါး ရှိနေလိမ့်မည်လို့ မည်သူက ထင်မိမှာလဲ?

အိမ်ရှေ့စံ ဗြောင်ရဲ့ ကိုယ်လုံးသေးသေးလေးက အိမ်ရှေ့စံ ချန်းညော ရဲ့ ရင်အုပ်ကျယ်ကျယ်ထဲ နစ်ဝင်နေတာမို့ ရင်ခုန်သံချင်းဟာ ထပ်တူကျလို့နေရဲ့..........

ဘာကြောင့်လဲ မေး......
ပျောက်သွားမှာ စိုးရိမ်လို့ပါတဲ့လေ...........

ဘေးချင်းကပ် လျှောက်ရင်း လူအုပ်ထဲ တိုးဝင်ရင်းနှင့်မှ အကောင်ညှပ်သည့် မင်းသားဗြောင်ဟာ နောက်ချည်းသာ ကျန်ကျန်ခဲ့လေတော့ ကျား မ မရွေးကြောင်သည့် သူများဟာ မင်းသားဗြောင်အနား ရစ်သီရစ်သီ လုပ်လေရဲ့.................

မင်းသားဗြောင်ရဲ့ ဖြူဥဥပါးလေးကို ညှစ်တာက တစ်မျိုး......
လက်ဖ၀ါးဥဥလေးကို လှမ်းကိုင်တာက တစ်မျိုး......

လူစိမ်းတွေနှင့် အသားမကျသည့် အိမ်ရှေ့စံဗြောင်လေးဟာ လူကြောက်၍ ငြိမ်ခံနေရခြင်းပင်...........

ဘေးမှာ မင်းသားဗြောင်ကို မတွေ့တော့သည်မို့ အိမ်ရှေ့စံ ချန်းညောဟာ ခေါင်းမီးတောက်ကာ လူဆန်တိုး၍ ရှာသည်........

တစ်ချို့ကတော့ လူဆန်တိုးနေသည့် အိမ်ရှေ့စံချန်းညောဟာ သာမာန်လူအထင်နှင့် ဆဲဆိုသွားကြတာပေါ့.....

ဒီအချိန်မှာ အပြစ်လည်း ပေးလို့မဖြစ်......
သူ့ရဲ့ ဗြောင်လေး ပြန်ရှာတွေ့ဖို့ကသာ အရေးကြီးသည်.......

ခပ်လှမ်းလှမ်းမှာ ကိုယ်ရံတော်များ ရှိလေမလား ဆိုကာ ကြည့်တော့ ကိုယ်ရံတော်လည်း ရှိမနေတာကြောင့် ချန်းညောရင်ထဲ အပူလုံးများ လှိုင်းထန်လို့နေသည်...........

"ချန်း... ဟင့်"

မင်းသားဗြောင်ရဲ့ ပခုံးတစ်ဖက်ပေါ် လူတစ်ယောက်မှ လက်တင်ထားတာကြောင့် မသိမသာလေးဖြုတ်ချကာ သူ့ရဲ့ ချန်းညောနာမည်အား ရေရွတ်၍ တောင်းတလေသည်.........

"မင်းတို့မှာ အသက်တစ်ချောင်း အပိုပါလို့လား ဟမ်"

"ကိုယ်ရံတော်!"

"အ့.... မင်း"

ကိုယ်ရံတော် ရောက်လာလေတော့ မင်းသားဗြောင်လေးဟာ အားကိုးရပြီဆိုတာကြောင့် သူ့နံဘေးက တစ်ယောက်ရဲ့ ၀မ်းဗိုက်အား တံတောင်နှင့် တိုက်ကာ ကိုယ်ရံတော် နောက်သို့ပြေးရပ်လေသည်.......

နှောင်းမြေမှ ကိုယ့်ချစ်သူ Z+U(Completed) Where stories live. Discover now