MAFIA {2}

3K 259 5
                                    

Xingho (b×b)

Flash Back

*Jun ရေ hyung သွားပြီးနော် *

*ဟုတ်ကဲ့ hyung *

အိပ်ပျော်နေသော သူငယ်ချင်း baekhyun ကို
ကျောပိုးကာ ထွက်သွားသော chanyeol hyung ကို နူတ်ဆက်ကာ အိမ်က ကားအကြိုကို
စောင့်နေလိုက်သည်။

Byun baekhyun ဆိုတဲ့ ကောင်ဟာလေ chanyeol hyung က ချစ်တက်လွန်းတော့ အလွန်ပင် ချွဲကာ ဆိုးသည်။ သူငယ်ချင်း များကြားတွင်
တော့ မျက်ခွက် ပြောင်ဆုံးဆု ကို ပထမက မဆင်းပဲ
အရယူထားပြီး chanyeol hyung နဲ့ တွေ့ရင်
တော့ လူစားထိုး ခံရသလား မှတ်အောင် ပြောင်းလဲသွားသည်။ ကျွန်တော် တို့ က အထက်တန်း ပထမနှစ် chanyeol hyung က အထက်တန်း နောက် ဆုံးနှစ် စာသင်ချိန် နောက်ဆုံး တချိန်ကို အိပ်ပျော် နေသော byun baekhyun ကြောင့် စာတောင် သေချာလိုက် မမှတ်ရဘူး ။ ဒင်းကို ထိန်းနေရတာ မထိန်းရင် နဖူးနဲ့ စာရေးခုံနဲ့ မိတ်ဆက်လောက်တယ် ။အမွှေ ငပြောင်ဘတ် ဟာ အချစ်နဲ့ တွေ့ပြီး
ပြောင်းလဲ သွားသည် ။ သြော်....လူတွေ လူတွေ အချစ် နဲ့ တွေ့တော့လည်း ပြောင်းလဲ သွားကြတာပါပဲ။

အိမ်က ကားအကြို ကိုစောင့်နေတုန်း ကားအနက် တစ်စီးထဲ မှ လူများ ထွက်လာပြီး သူ့ကို ဝိုင်းချုပ်တော့သည် ။

*ဟာ ခင်ဗျား တို့ဘာလုပ်တာလဲ လွှတ် ကျွန်တော့ကို
လွှတ် *

ဟာကွာ အသာတကြည်ခေါ်တာမရ ကြာရင် လူတွေ ရိပ်မိကုန်လိမ့်မယ်

ဂုတ်ပိုး တချက်ရိုက်ချ လိုက်ကာ မေ့မျောသွားသော
ကောင်လေးကို ပွေ့ကာ စတင်ထွက်ခွာခဲ့သည်။

အလိုက်နာဆုံး တပည့်တွေကို ရထားတဲ့ boss
လို့် ပဲ ပြောရမလား
'"မေ့ဆေးတွေ ဘာတွေ မသုံးနဲ့
ရုန်းရင်းဆန်ခက် ဖြစ်နေရင် ရိုက်ပြီးသာ ခေါ်လာခဲ့'"

ဟူသော boss ရဲ့ စကားကို တသွေမတိမ်း နား
ထောင်တဲ့ တပည့်တွေပဲ ။

ပေကျင်း မြို့ရဲ့ မြို့စွန်းနားက ခြံဝန်းအကျယ်ကြီးနဲ့
နန်းတော်တမျှ ခမ်းနားလှတဲ့ အိမ်ထဲမှာ တစ်စုံ တစ်
ယောက် အလာကို စောင့်မျှော်နေတဲ့ လူတစ်ယောက်

ကိုယ့်အလုပ်က သန့်ရှင်းစင်ကြယ်တဲ့ အလုပ်မဟုတ်
တော့လည်း မြို့ပြင်က အိမ်မှာ နေသည်က များတယ်၊။

MAFIA (Xingho) Where stories live. Discover now